DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲမှ ၃ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
February 4, 2021
မန္တလေးတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲမှ ၃ ဦးထက်မနည်း ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ ဒီကနေ့ မနက်ပိုင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအနည်းဆုံး ၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မနက် အစောပိုင်းကစတင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ထိပ်ပိုင်းအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီး စစ်တပ်က ၁ နှစ် အာဏာလွှဲပြောင်းရယူကြောင်း ကြေညာခဲ့ချိန်မှာ ပြည်သူတွေက ဆန့်ကျင်လှုပ်ရှားမှုတွေ စတင်လာခဲ့ပြီး ဒါကတော့ ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြမှု ဖြစ်လာခဲ့ပါတယ်။

ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်သူတွေထဲက ရန်ကုန်နဲ့ မန္တလေးမြို့ အခြေစိုက် ကျောင်းသားလှုပ်ရှားမှုအဖွဲ့ ၃ ဖွဲ့က အတည်ပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။

       ဒီဆန္ဒပြပွဲကိုတော့ မန္တလေးမြို့၊ ဆေးတက္ကသိုလ်ရှေ့မှာ လုပ်ဆောင်ခဲ့ကြတာဖြစ် ပြီး စစ်တပ်ရဲ့အာဏာသိမ်းတာကို လုံးဝလက်မခံနိုင်တဲ့အတွက် ပြည်သူတွေရဲ့ မူလ ရပိုင်ခွင့်ဖြစ်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့်နဲ့ အညီလုပ်ဆောင်တာလို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ သူတစ်ဦးက ပြောပါတယ်။

ဆန္ဒပြတာကို စစ်အာဏာရှင်စနစ်အလိုမရှိသူတွေက လုပ်ဆောင်တာဖြစ်ပြီး ဒီမိုကရေစီကို ကာကွယ်ကြ၊ အကြမ်းဖက်မှုလူထုလက်မခံ၊ လက်နက်အားကိုးဝါဒ ဆန့်ကျင်ကြ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားခဲ့ကြပြီး ၁၅ မိနစ်လောက် ဆန္ဒပြအပြီးမှာတော့ ဆန္ဒပြတောင်းဆိုတာကို ရုပ်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013