Home
သတင်းတို
တတိယမြောက် အပျော်စီးသင်္ဘော ပြေးဆွဲမည်
DVB
·
September 26, 2013
ဧရာဝတီမြစ်အတွင်းမှာ နိုင်ငံခြားသားတွေကို ၀န်ဆောင်မှုပေးမယ့် တတိယ မြောက် Princess Royal Cruise အပျော်စီးသင်္ဘော ပြေးဆွဲမယ်လို့ Irrawaddy Princess River Cruise ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါ်တင့်တင့်လွင်က သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီကုမ္ပဏီဟာ ကျွန်းသစ်နဲ့ လုပ်တဲ့ အပျော်စီးသင်္ဘောတွေ တည်ဆောက်ပြီး ၂၀၀၉ ခုနှစ်ကတည်းက ဧရာဝတီမြစ်ထဲမှာ ပြေးဆွဲနေတာ အောင်မြင်မှုရတဲ့အတွက် အခုလို တတိယမြောက် သင်္ဘောတည်ဆောက် ပြေးဆွဲရတာလို့ သူက ဆိုပါတယ်။ အရင် သင်္ဘောတွေကတော့ လူ ၄၀ နဲ့ ၄၄ ယောက်ဆန့်တဲ့ သင်္ဘောကြီးတွေ ဖြစ်ပြီး အခု တတိယမြောက်သင်္ဘောကတော့ လူ ၁၆ ယောက်လောက်ပဲဆန့်တဲ့ ပိုငယ်တဲ့သင်္ဘော ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ ပိုပြီး ၀င်ရောက်လာတာနဲ့အမျှ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်း တိုးချဲ့လာနေတာ ဧရာဝတီမြစ်တွင်း အပျော်စီးသင်္ဘောလုပ်ငန်းလည်း တခု ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024