လွိုင်ကော်နှင့်ဘောလခဲ ကျန်းမာရေးဝန်ထမ်းများ ဖဲကြိုးနီ ကမ်ပိန်းပြုလုပ် (ဓာတ်ပုံ)
DVB
·
February 3, 2021
တပ်မတော်က ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ကျန်းမာရေးဝန်ထမ်းတွေက ဒီကနေ့ညနေ ၃ နာရီအချိန်လောက်မှာ ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ခဲ့ကြပါတယ်။
ကမ်ပိန်းလုပ်ရှားမှုကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးက အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၀၀ ဝန်းကျင် ဆန္ဒထုတ်ဖော်ခဲ့တာပါ။
စစ်တပ် တပ်ရင်းတွေ အများအပြားရှိနေတဲ့ ဘောလခဲမြို့ ပြည်သူ့ဆေးရုံကလည်း အလားတူ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။