DVB Logo
Home
မြန်မာသတင်း
ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲ မကွေးတွင် ကျင်းပ
DVB
·
September 26, 2013
ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲ မကွေးတွင် ကျင်းပ
Donate to DVB

မကွေးမြို့ ပွင့်လင်းလူ့အဖွဲ့အစည်း(လူမှုကွန်ရက်)က ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ၆ နှစ်ပြည့်အထိမ်းအမှတ် မကွေးတမြို့လုံးရှိ သံဃာ ၂၅၀၀ ကျော်ကို အရုဏ်ဆွမ်း လောင်းလှူခဲ့ပါတယ်။

၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်သံဃာလှုပ်ရှားမှု ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မကွေးမြို့တမြို့လုံးမှာရှိတဲ့ သံဃာ ၂၅၀၀ ကျော်ကို အရုဏ်ဆွမ်း လောင်းလှူတဲ့အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၄ နာရီက  ရွာသစ်ပွဲ ကြိုရပ်မှာရှိတဲ့ မကွေးမြို့ ပွင့်လင်းလူ့အဖွဲ့အစည်း (လူမှုကွန်ရက်) ရုံးခန်းမှာ ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။

မကွေးမြို့ ပွင့်လင်းလူ့အဖွဲ့အစည်း(လူမှုကွန်ရက်) မှာ ဦးမောင်မောင်စိုးက “ကျနော်တို့ ပွင့်လင်းလူ့အဖွဲ့အစည်းကနေပြီးတော့ ဒုတိယအကြိမ်မြောက် ရွှေဝါရောင် အမှတ်တရအနေနဲ့ မြို့လုံးကျွတ် သံဃာ့ဆွမ်းလောင်းလှူပွဲကြီးကို မနက် ၄ နာရီက စပြီး ကျင်းပပါတယ်။ မကွေးမြို့မှာရှိတဲ့ သံဃာအားလုံး အပါး ၂၅၀၀ ကျော်ကို တမြို့လုံးရဲ့အားနဲ့ ဆွမ်းလောင်းလှူပွဲ ကျင်းပရခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အဲဒီနောက် မနက် ၆ နာရီမှာ ရွှေဝါရောင်အရေးအခင်းအတွင်း ကျဆုံးသွား ကြတဲ့သူတွေအတွက် ရည်စူးပြီး ရေစက်ချ အမျှပေးဝေခဲ့ကြပါတယ်။

ဆင်ဖြူကျွန်းမြို့နယ်မှာ ဦးစန်းလွင်က “လူထု ဒကာ၊ ဒကာမတွေရဲ့ စိတ်ချမ်း သာမှု၊ သာသနာကြီးအဓွန့်ရှည်အောင် သံဃာတော်ဘက်က တာဝန်ရှိသလို ပြည်သူ တွေဘက်ကလည်း တာဝန်ရှိပြီး ဆောင်ရွက်တဲ့ ရွှေဝါရောင်ပြဿနာကြီးကို ဒါမျိုး လှူရတန်းတဲ့အထဲ ကျနော်တို့ ပါဝင်ကူညီချင်လို့ လာရောက်ကြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရွှေဝါရောင်ဆွမ်းလောင်းပွဲကို မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ ချောက်နဲ့ မကွေးမြို့ပေါ်က လူမှုရေးအသင်းအဖွဲ့တွေက လူအင်အား ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013