Home
မြန်မာသတင်း
မြန်မာအမျိုးသားလေကြောင်းလိုင်း ဖေဖော်ဝါရီ ၄ ရက်နေ့ ပြန်လည်ပြေးဆွဲမည်
DVB
·
February 3, 2021

အခုလကုန်ထိ ရပ်နားထားတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်း၊ ပြည်ပ(Relief Flight) ခရီးစဉ်တွေကို လာမယ့် ဖေဖော်ဝါရီ ၄ ရက်ကစ ပြန်လည်ပြေးဆွဲ ပျံသန်းပေးသွားမယ်လို့ ကြေညာထားပါတယ်။

ကြေညာချက်ထဲမှာတော့ လေကြောင်းလိုင်းအနေနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေတဲ့ ကာလအတွင်း ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွာလာနိုင်ဖို့အတွက် ပြေးဆွဲပေးသွားမှာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုတွေကို ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနညွှန်ကြားချက်တွေအရ မြန်မာအမျိုးသားလေ ကြောင်းလိုင်းရဲ့ ပြည်ပလေယာဉ်ခရီးစဉ်တွေဖြစ်တဲ့ စင်ကာပူ၊ ဟောင်ကောင်၊ ဘန် ကောက်၊ ချင်းမိုင်ခရီးစဉ်တွေကို အခုလကုန်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ကိုဗစ်-၁၉ ကာလမှာ ပြည်ပနိုင်ငံတွေ မှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေပြီး နေရပ်ပြန်ဖို့ အခက်အခဲရှိနေသူတွေအတွက် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်တွေ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရသူ စုစုပေါင်း ၁၄၀,၆၆၄ ယောက်၊ သေဆုံးသူ ၃,၁၄၆ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက် သာလာသူပေါင်း ၁၂၅,၈၈၅ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024