
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်သစ်တွေ ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဦးသိန်းစိုး၊ အဖွဲ့ဝင်တွေဖြစ် ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်းနဲ့ ဦးသန်းဝင်းတို့ ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ အမိန့်နဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။
ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီး နောက် ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲ သစ်ကျင်းပမယ်လို့ ကြေညာထားပါတယ်။