DVB Logo
Home
မြန်မာသတင်း
ကော့သောင်းအကျဉ်းသားကိစ္စ သမ္မတဆီစာတင်မယ်
DVB
·
September 25, 2013
Donate to DVB

ဘယ်အကျဉ်းထောင်ကို ရောက်လို့ရောက်မှန်းမသိဖြစ်နေတဲ့ ထောင်ပြောင်းရွှေ့ခံလိုက်ရ တဲ့
ကော့သောင်းထောင်က အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ဒီဖြစ်စဉ်တစ်ခုလုံးနဲ့ပတ်သတ်ပြီး ဒီနေ့မှာ သမ္မတဦးသိန်းစိန်ဆီကို စာတင်တော့မယ်လို့ သိရပါတယ်။

သမ္မတဆီစာတင်ပြီး  တိုင်ကြားတဲ့အခါမှာ ကော့သောင်းမြို့က ဒီမိုကရက်တစ်ပါတီမြန်မာ၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့် လင်းအဖွဲ့အစည်းနဲ့ ကော့သောင်းမြို့က အမျိုးသားဒီမိုကရေစီပါတီတွေကလည်း ပါဝင်ကူညီ ပေးသွားမယ်လို့ ဒေသခံတွေကပြောပါ တယ်။

"အကျဉ်းထောင်ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ တိုင်စာကို သမ္မတကြီးဆီ စတင်မှာပါ။ အဲဒါက ဒီကနေ့ပဲ ကျနော်တို့ စာချောပြီးမှ တင်မှာပါ။ မော်လမြိုင်ရဲ့ ကျွန်းတကျွန်းမှာ ရောက်နေပြီဖြစ်တာ ခုနှစ်ရက်လောက်ရှိပြီ အကျဉ်းသား ၁၇၀ အတွက်လည်း အရမ်းစိုးရိမ်ရပါတယ်။ အသက်အန္တရယ် စိုးရိမ်ရတဲ့အတွက် ICRC ကိုလည်း အကြောင်းကြားထားပြီးဖြစ်ပါတယ်။ သမ္မတကြီးဆီကိုလဲ ဒီနေ့ အကြောင်းကြားဖို့ ပြင်ဆင်ထားပါတယ်။"
အခုလက်ရှိအချိန် တော်ဝင်သင်္ဘောဆိပ်ကနေ ဒီလ ၁၈ ရက်က အာဏာပိုင်တွေရဲ့ ခေါ်ဆောင်သွားခြင်း ခံရတဲ့ အကျဉ်း သား ၁၇၀ ပါဝင်တဲ့သင်္ဘောဟာ ရာသီဥတုဆိုးဝါးမှုကြောင့် မော်လမြိုင်မြို့နယ်တွင်းက ကျွန်းတစ်ကျွန်းမှာ ခဏကမ်းကပ်နေ ရတာပါဆိုပြီး ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးက ဒေသခံတစ်ချို့နဲ့ တွေ့ဆုံရာမှာ ပြောတယ်လို့သိပါတယ်။

"မော်လမြိုင်က ကျွန်းတစ်ကျွန်းမှာ သောင်တင်နေတာမျိုး မဟုတ်ပါဘူး။ ရာသီဥတု ဆိုးဝါးတဲ့အတွက်ကြောင့် ရပ်ထားရပါတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တွေတဲ့အခါမှာ ပြောပါတယ် " ဦးမျိုးလွင်ဆက်ပြောပြတာပါ။ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းကို ဖုန်းဆက်သွယ်မေးမြန်းတဲ့အခါ ဆက်သွယ်မှုမရပါဘူး။

အကျဉ်းသားမိသားစုဝင် ၁၇၀ ထဲက အယောက် ၇၀ ကျော် သမ္မတဆီစာတင်မယ့်ကိစ္စမှာ ကူညီ ဆောင်ရွက်ပေးနေတဲ့ ၈၈ ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကတော့ ကိုမင်းလွင်က အချက်အလက် တစ်ချို့ကို မိသားစုဝင်တွေကိုယ်စား ကိုမင်းလွင်က တင်ပြတောင်းဆိုပေးသွား မယ်လို့ဆိုပါတယ်။

"အကျဉ်းအသားတွေကို အဲဒီလိုပုံစံမျိုးထောင်ပြောင်းပို့တာဟာ ရုပ်ဆိုးလွန်းတယ်။ အဲဒီအတွက် လက်ရှိ အကျဉ်းသားတွေကို ဘယ်ကိုပို့လဲဆိုတာကို မိသားစုကို အသိပေးဖို့ရယ်။ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး စုံစမ်းဖို့ရယ်။ အမြန်ဆုံးထုတ်ပြန်ပေးဖို့ရယ် ကျနော်တို့ တောင်းဆိုလိုက်ပါတယ်။ "

ကော့သောင်းအကျဉ်းထောင်က အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာ၊ ဖြစ်စဉ်တစ်ခုလုံးနဲ့ပတ်သတ်ပြီး အစိုးရဘက်က ထုတ်ပြန်လာတာတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ အဲ့ဒီအကျဉ်းသားကိစ္စတွေအရေး ကူညီပေးနေတဲ့ ဒေသခံပါတီတစ်ချို့နဲ့ အဖွဲ့အစည်းတစ်ချို့က တာဝန်ရှိသူတွေက သုံးသပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013