Home
မြန်မာသတင်း
စစ်အုပ်ချုပ်ရေးယန္တရားအောက်တွင် မပါဝင်လိုကြောင်း ကျန်းမာရေးဝန်ထမ်းများ လှုပ်ရှားမှုစတင်
DVB
·
February 2, 2021
143098974_3849482448442961_8434701058082577609_n

စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ မပါဝင်လိုကြောင်းထုတ်ဖော်ပြသတဲ့ လှုပ်ရှားမှုကို  ကျန်းမာရေးဝန်ထမ်းတွေက ဒီကနေ့ စတင်လိုက်ပါတယ်။ 

ဖေဖေါ်ဝါရီလ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် ဒီကနေ့  ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ  အခုလို လှုပ််ရှားမှု စတင်လာတာ ဖြစ်ပါတယ်။

“ကျွန်တော်/ကျွန်မတို့သည် ပြည်သူ့ဝန်ထမ်း ဆရာဝန်တစ်ယောက်ပါ။ မိမိတို့ ဆန္ဒမဲပေးခဲ့သော အစိုးရသည်သာ တစ်ခုတည်းသော တည်ဆဲအစိုးရဖြစ်ပြီး စစ်အုပ်စု၏ အသစ်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ဝင်များကို အယုံအကြည်မရှိ လက်မခံပါ။ ထို့ကြောင့် စစ်အစိုးရ၏ ယန္တရားထဲ မပါဝင်နိုင်ပါသဖြင့် ၂.၂.၂၀၂၁ ရက်နေ့မှ စ၍ အလုပ်မသွားပါ။ ပြည်သူ့ရွေးကောက်ခံ အစိုးရလက်အောက်တွင်သာ အလုပ် လုပ်ကိုင်ပါမည်။”  ဆိုတဲ့ စာသားများကို လူမှုကွန်ရက်စာမျက်နှာတွင် တင်ပြီး Campaign ပြုလုပ်နေကြတာပါ။ 

ဒါ့အပြင် မန္တလေးမြို့ ဦးနှောက်နှင့်အာရုံကြောဌာနက  ကျန်းမာရေးဝန်ထမ်းတချို့က စတစ်ကာာအနက်ရောင်ဖဲကြိုးများတပ်ဆင်ပြီး Black Ribbon Campaign ကို ပြုလုပ်နေကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာသက်ခိုင်ဝင်းကို ခန့်အပ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။ 

နေရီရီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024