ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေကို မိမိတို့ရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တွေနဲ့ တရားလွှတ်တော် တရားသူကြီးတွေကိုလည်း မိမိတို့ရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ တာဝန်ပေးအပ်လိုက်တယ်လို့ဆိုတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်တွေကိုလည်း မိမိတို့ရဲ့ မူလတာဝန်တွေ ဆက်လက်ထမ်းဆောင်ကြဖို့ ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ သီးခြားထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ခုလို ခန့်အပ်တာဝန်ပေးအပ်လိုက်တာပါ။