၂၅ နှစ်ပြည် အန်အယ်လ်ဒီ ငွေရတုအခမ်းအနား ကျင်းပမည်
DVB
·
September 25, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို အဖွဲ့ချုပ်ရုံးချုပ်ခန်းမမှာ စက်တင်ဘာ ၂၇ ရက် မနက် ၉ နာရီ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။
အခမ်းအနားမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမည်လို့ သိရပါတယ်။
ငွေရတုအခမ်းအနား တက်ရောက် သတင်းရယူလိုတဲ့ မီဒီယာဌာနတွေအနေနဲ့ နေရာအခက်အခဲကြောင့် မီဒီယာဌာနတခုလျှင် ၁ ဦးသာ ၀င်ရောက် ခွင့်ပြုနိုင်မယ်လို့ အခမ်းအနားဖိတ်စာမှာ ဖော်ပြထားပါတယ်။
အခမ်းအနားအပြီးတွင် ပန်းရဲ့လမ်းအဖွဲ့က တေးဂီတအစီအစဉ်နဲ့ ဖျော်ဖြေမှာဖြစ် ပါတယ်။