DVB
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပါအဝင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကိုလည်း ဒီနေ့မနက်အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဒီနေ့မနက် လွှတ်တော်ခေါ်ယူမှာဖြစ်ပြီး အဲဒီမတိုင်မီ အတိုင်ပင်ခံအပါအဝင် ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလည်း ဖြစ်ပါတယ်။
ဒီဗွီဘီက စုံစမ်းချက်အရ ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းတွေဖြစ်တဲ့ ဦးမြအေး၊ ဦးထင်လင်းဦး၊ မင်းထင်ကိုကိုကြီးတို့အပါအဝင် တက်ကြွလှုပ်ရှားသူတွေကိုလည်း တပ်နဲ့ ရပ်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
လတ်တစ်လောမှာ ဆက်သွယ်မှု အခက်အခဲတွေကြောင့် မြန်မာ့ရုပ်မြင်သံကြား (MRTV) နဲ့ မြန်မာ့အသံ ရေဒီယို အစီအစဉ်တွေကြောင့် ပုံမှန်ထုတ်လွှင့်နိုင်မှု မရှိပါသေးကြောင်း ထုတ်ပြန်ထားပါတယ်။