Home
မြန်မာသတင်း
မြောက်ပိုင်း ၄ ဖွဲ့နှင့် တပ်မတော် ပဏာမအပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုတော့မည်
ဇေယျာချမ်းအေး
·
January 30, 2021

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့တပ်မတော်တို့ ပဏာမအပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုတော့မယ်လို့ ငြိမ်းချမ်းရေးကော်မရှင်က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ရခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တပ်မတော် ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဒီဇင်ဘာ ၃၀ ရက်နေ့က အွန်လိုင်းကနေတဆင့် တွေ့ဆုံခဲ့ပြီးနောက်မှာ အခုလို မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ တပ်တော်တို့ ပဏာမအပစ်ရပ်လက်မှတ် ထိုးဖို့သဘောတူညီချက်ရလာတာပါ။ 

 လက်မှတ်ထိုးနိုင်ဖို့နဲ့  ဖေဖော်ဝါရီလ ၄ ရက် မတိုင်ခင်မှာတွေ့နိုင်ဖို့ နှစ်ဖက်ကြိုးစားနေပြီး လောလောဆယ်မှာတော့ အချိန်နဲ့နေရာညှိနေတုန်းပဲလို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နဲ့  ရက္ခိုင့်တပ်တော် (AA) တို့ဟာ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး နောက်မှာ NCA လမ်းကြောင်းအတိုင်း ဆက်သွားမလား၊ Bilateral လမ်းကြောင်းနဲ့ဆက်သွားမလား ဆိုတာကတော့ ဆွေးနွေးရဦးမယ်လို့ အပစ်ရပ်အဖွဲ့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်လက်မှတ်ထိုးတာကို ကြိုဆိုပေမယ့် လက်တွေ့မြေပြင်မှာတော့ တိုက်ပွဲတချို့ ဖြစ်နေဆဲဖြစ်ပြီး အပစ်ရပ်လက်မှတ်ထိုးပြီးပါက အမှန်တကယ် အပစ်ရပ်စေချင်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်တာဝန်ရှိသူ ဒေါ်ခွန်ဂျာက ပြောပါတယ်။ 

မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အဆင်မပြေလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် လူထုစောင့်ကြည့်မှုအောက်မှာ အဆင်ပြေဖို့ မျှော်လင့်တယ်လို့ အပစ်ရပ်ထားတဲ့အဖွဲ့တွေက သုံးသပ်ပါတယ်။

အထူးသဖြင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ သေနတ်သံတွေ ငြိမ်သက်သွားတဲ့အတွက် မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးမူတွေဟာ အဆင်ပြေဖို့ အလားအလာ အများကြီးဖြစ်လာတယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ရပ်ဆိုင်းမယ့် ထုတ်ပြန်ချက်မှာ  ရခိုင်ပြည်နယ် ပါဝင်လာတာကလည်း ထူးခြားမှုဖြစ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024