ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ ညောင်ဦးမြို့က MPP Art Gallery မှာ ပန်းချီဘီညိုရဲ့ တကိုယ်တော် ပန်းချီပြပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၅ ရက်နေ့အထိ ၅ ရက်ကြာ ပြသသွားမှာ ဖြစ်ပါတယ်။
အခရိုင်းလစ် တမျိုးတည်းနဲ့ ဆွဲထားတဲ့ ပန်းချီကားတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ကဗျာဆရာကြီးဦးတင်မိုး၊ မြို့မငြိမ်း၊ အဆိုတော် ထူးအိမ်သင် အစရှိသူတွေရဲ့ ပေါ့ထရိတ် ဆိုဒ်စုံတွေ အပါအဝင်၊ ပုံဟန်မျိုးစုံ၊ မြင်ကွင်းစုံ ပန်းချီကားတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ပန်းချီကားဆိုဒ် အကြီး အသေးအလိုက် ကားတကားကို ကျပ် ၁ သိန်းခွဲကနေ ၁၅ သိန်းအထိ ဈေး သတ်မှတ်ပြီး ပန်းချီကားပေါင်း ၅၄ ကားကို ပြသသွားမယ်လို့ ပန်းချီဘီညိုက ပြောပါတယ်။