တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပမယ့် ရက်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီအစား ဖေဖော်ဝါရီ ၂ ရက် မနက် ၁၀ နာရီမှာ ပြောင်းလဲ ကျင်းပမယ်လို့ အစိုးရပိုင် မြန်မာအသံနဲ့ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။
ဘာကြောင့် အခုလို ရက်ရွေ့ဆိုင်းလိုက်ရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ မနက်ဖြန် ဇန်နဝါရီ ၃၀ ရက်မှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးဖို့ အစီအစဉ်ရှိပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကနေ အနိုင်ရတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ကျင်းပမဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးနဲ့ အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွေကို ဇန်နဝါရီ ၁ ရက်နေ့မှာ ပြိုင်တူကျင်းပဖို့ မူလက စီစဉ်ထားတာ ဖြစ်ပါတယ်။