Home
မြန်မာသတင်း
တပ်မတော်ကို ကရင်နှင့် မွန်ဒေသခံရွာသားများ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
January 27, 2021
143506604_3806969559353427_4559389080709906169_n
141994182_3806969762686740_1409754938706889667_n
141993625_3806969199353463_3539989004224195220_n
141701327_3806969409353442_6093176316908784895_n
141589037_3806970476020002_8964254589140232981_n
141436895_3806970722686644_2153443989966967106_n
141370894_3806970816019968_7078439211910313747_n
141333597_3806970192686697_6342093117121811545_n
141209358_3806970079353375_3145418755710496431_n

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေအတွင်းမှာ တပ်စွဲထားတဲ့ တပ်မတော်ရဲ့ တပ်စခန်းတွေ အမြန်ဆုံးရုပ်သိမ်းပေးဖို့ မွန်၊ ကရင်ဒေသခံတွေ ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် နယ်စပ်ကြားရှိ ပျဉ်းမပင်ဆိပ်ကျေးရွာ၊ ကြသောင်းဆိပ်ရွာ၊ ထီဖာလို့ခီရွာ၊ ဖိုးကြားရွာ၊ လေးခေါ့ထီရွာ စတဲ့ကျေးရွာ ၁၁ ရွာတို့က စုပေါင်းပြီး  အင်အားထောင်ချီပြီး ဒီနေ့မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ 

ဆန္ဒထုတ်ဖော်ရာမှာပါဝင်ခဲ့တဲ့ ဒေသခံ နော်အုန်းကျင်က " ဒါက ကရင်ရဲ့ပိုင်နက်ပဲလေ။ ကရင်ရဲ့ပိုင်နက်ဆိုတော့ ကေအန်ယူက ရှိမှဖြစ်မယ်။ အခုဒီဘက်မှာ တပ်စခန်းက ၃ ခုရှိနေတယ်။ ရွာမှာ လုံးဝမရှိစေချင်တော့ဘူး။ တပ်စခန်းရှိနေတာကိုလည်း မလိုလားဘူး။ အခုဆိုရင်ရွာသားတွေက နေရတာ ကျဉ်းကျပ်တယ်။  နှစ်ဘက်တပ်တွေသူတို့အချင်းချင်း ဘယ်အချိန်ထပစ်ကြမလဲဆိုတာကို ရွာသားတွေက ထိန့်လန့်နေရတယ်" လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘာမြို့နယ် နယ်စပ်ကြာမှာရှိတဲ့ ကြသောင်ဆိပ်ရွာ၊ ဝင်တာပန်ရွာနဲ့ လေကေကျေးရွာတွေမှာ ကေအန်ယူ တပ်မဟာ(၁) နယ်မြေဖြစ်တဲ့အတွက် ကြသောင်းဆိပ်ရွာမှာ BGF၊ လေးကေရွာနဲ့ ဝင်းတာပန်ရွာမှာ BGF နဲ့တပ်မတော် တပ်စခန်းစွဲထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဆန္ဒထုတ်ဖော်ရာမှာ အန်စီအေ စာချုပ်ပါအချက်တွေ အကောင် အထည်ဖော်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာစည်းမျဉ်းစည်းကမ်းနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ လိုက်နာကျင့်သုံးရေးအပါအ၀င် အောက်ခြေမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အစိုးရက ညှိနှိုင်းဖြေရှင်းရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့်ဖြေရှင်းရေး စတဲ့အချက်တွေကို ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကလည်း တပ်မဟာ (၁)ထိန်းချုပ်နယ်မြေအတွင်း တပ်မတော်က တပ်စခန်းဖွင့်ထားတာကို ဆုတ်ခွာပေးဖို့ မြစ်ကျိုးရွာကနေ လေကေကျေးရွာအထိ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

သတင်း- ယူမင်းစိုး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024