A d v e r t i s e m e n t With Us

ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပြီး ပြည်သူကို ဂျပန်ဝန်ကြီးချုပ် တောင်းပန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း တိုင်းပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိဒဲစုငက  ပြည်သူကို ဇန်နဝါရီ ၂၆ ရက်မှာ တောင်းပန်လိုက်ပါတယ်။

အသက်ဘေးတွေကို မကယ်နိုင်တာနဲ့ပတ်သက်ပြီး အတိုက်အခံအမတ်တွေက လွှတ်တော်အတွင်း မေးခွန်းထုတ်ချိန်မှာ  တာဝန်ရှိသူတယောက်အနေနဲ့ အလွန်အမင်း ဝမ်းနည်းတယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။

ကိုဗစ်-၁၉ ကူးစက်ခံလူနာတွေ ကုသမှုမရဘဲ အိမ်မှာ သေနေတာ တွေ့ရတဲ့အကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြခဲ့အပြီး ဝန်ကြီးချုပ်က ခုလို မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။

ဆေးရုံတွေနဲ့ ဆေးဘက်လုပ်သားတွေ မနိုင်မနင်း ဖြစ်နေလို့ အရေးပေါ်ဌာနတွေကို ရောက်လာတဲ့ လူနာတွေကို ပြန်လွှတ်နေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဂျပန်မှာ ကူးစက်မှု တတိယလှိုင်းဟာ လူအသေအပျောက်အများဆုံး ဖြစ်နေပြီး တိုကျိုမြို့တော်နဲ့ တခြားစီရင်စု ဆယ်ခုမှာ ဒုတိယအကြိမ် အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။

ဒီတကြိမ် အရေးပေါ်အခြေအနေ ကြေညာချက်ဟာ ဖေဖော်ဝါရီ ၇ ရက်ထိ အကျုံးဝင်ပါတယ်။ အင်္ဂါနေ့ထိ ဂျပန်မှာ ကိုဗစ်-၁၉  ကူးစက်ခံ ၃,၈၅၃ ယောက် ရှိပြီး ကူးစက်ခံ သေဆုံးသူ ၁၀၄ ဦး ရှိနေတယ်လို့  ဂျပန်ရုပ်သံ NHK က ကြေညာပါတယ်။

A d v e r t i s e m e n t With Us

More News
Up