Home
Lead Story
အီရန်နှင့်တရုတ်သင်္ဘောသားများကို အင်ဒိုနီးရှား စုံစမ်းစစ်ဆေးမည်
DVB
·
January 27, 2021

အင်ဒိုနီးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ အီရန်နဲ့ ပနားမားအလံလွှင့် သင်္ဘောတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှာဖြစ်လို့ ကျောက်ချရပ်နားဖို့ ရိအောင်ကျွန်းပြည်နယ်ဆီ ခေါ်လာနေပြီလို့ အင်ဒိုနီးရှား ကမ်းရိုးတန်းစောင့်တပ် ပြောခွင့်ရက ပြောပါတယ်။

ရေနံတွေ တရားမဝင် လွှဲပြောင်းနေတယ်လို့ သံသယရှိလို့ အီရန်နဲ့ တရုတ် သင်္ဘောသားတွေကို တင်ဆောင်ထားတဲ့ အကြီးစား လောင်စာတင် သင်္ဘော ၂ စီးကို ဇန်နဝါရီ ၂၄ ရက်က ကလီမန်တန်ကျွန်းအနား အင်ဒိုနီးရှား ရေပိုင်နက်ထဲမှာ ထိန်းသိမ်းခဲ့တာပါ။

အီရန် အမျိုးသားလောင်စာတင်သင်္ဘောကုမ္ပဏီပိုင် MT Horse သင်္ဘောနဲ့ ရှန်ဟိုင်း အနာဂတ်သင်္ဘောစီမံခန့်ခွဲရေးကုမ္ပဏီက လုပ်ငန်းလည်ပတ်နေတဲ့ MT Freya သင်္ဘောတွေပေါ်မှာ သင်္ဘောသား စုစုပေါင်း ၆၁ ယောက် ပါပါတယ်။

တချို့က သင်္ဘောပေါ်မှာပဲရှိနေပြီး တချို့ကိုတော့ စစ်ဆေးမေးမြန်းဖို့ ကမ်းရိုးတန်းစောင့်တပ်က ထိန်းသိမ်းထားတယ်လို့ ပြောခွင့်ရက ပြောပါတယ်။

MT Horse သင်္ဘောပေါ်က လောင်စာဆီတွေကို MT Freya သင်္ဘောပေါ် လွှဲပေးနေချိန်မှာ လက်ပူးလက်ကြပ် ဖမ်းမိတာဖြစ်ပြီး MT ဖရေယာသင်္ဘောဝန်းကျင်မှာ ဆီတွေ ယိုဖိတ်နေခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အီရန်ကတော့ MT Horse သင်္ဘောအသိမ်းခံရတာနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ အင်ဒိုနီးရှား အစိုးရကို မေးထားတယ်လို့  ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024