A d v e r t i s e m e n t With Us

ကယ်လီဖိုးနီးယားတွင် Stay at home အမိန့် ပြန်ရုပ်သိမ်း

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြည်သူတွေ အိမ်ထဲမှာပဲ နေရမယ့် Stay at home  အမိန့်ကန့်သတ်ချက်ကို ဇန်နဝါရီ ၂၅ ရက်မှာ ပြန်ရုပ်သိမ်းလိုက်ပါတယ်။

အဲဒီနောက် မြို့နယ်တွေကိုလည်း အဆင့်သတ်မှတ်ချက်အလိုက် ပြန်ဖွင့်ပေးမယ့် မူဘောင်အတိုင်း စိစစ်နေပါတယ်။

ဒေသတွင်းက ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသဆောင်အတွင်း လူနာခုတင် နေရာလွတ်တွေ ပြန်ရလာလို့ ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆုံးဖြတ်ခဲ့တာပါ။

နေရာအများစုမှာ ခရမ်းပြာရောင်အဆင့် သတ်မှတ်ထားလို့ ဆံပင်ညှပ်ဆိုင်တွေနဲ့ လေဟာပြင် စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ရနိုင်ပါတယ်။ လူမှုရေးစုရုံးခွင့်နဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်တော့ ဆက်လက်ကန့်သတ်ထားပါတယ်။

အမေရိကန်ရဲ့ လူအထူဆုံး ပြည်နယ် ကယ်လီဖိုးနီးယားဟာ ကပ်ဘေးရဲ့ ဗဟိုချက်အဖြစ် ဦးဆောင်နေခဲ့တာပါ။

အမေရိကန်ပြည်ထောင်စု  ပြည်နယ်အသီးသီးမှာ ကာကွယ်ဆေးတွေ ဖြန့်ဖြူးနေပေမယ့် တနင်္ဂနွေနေ့က ကူးစက်ခံဦးရေ စုစုပေါင်း ၂၅ သန်း ကျော်သွားခဲ့ပြီး ကာလီဖိုးနီးယားပြည်နယ် မှာတော့ ကူးစက်ခံဦးရေ ၃ ဒသမ ၁ သန်း ကျော်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up