ဖွဲ့စည်းပုံအခြေခံဥပေဒ အသစ်ရေးဆွဲရေး အမျိုးသမီးများညီလာခံ ဆွေးနွေးဆုံးဖြတ်
နော်နိုရင်း
·
September 23, 2013
အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ပြည်လည်ရေးဆွဲရေးနဲ့ အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာဖို့ ကျင်းပတဲ့ အမျိုးသမီးများဖိုရမ်မှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။
ရန်ကုန်မြို့ Excel Tower မှာ ပြည်ပအခြေစိုက် မြန်မာအမျိုးသမီးအဖွဲ့တွေနဲ့ ပြည်တွင်းက အမျိုးသမီးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ၃ ရက်တာ ကျင်းပတဲ့ အမျိုးသမီးများဖိုရမ်မှာ ဆွေးနွေးခဲ့ပါတယ်။
အမျိုးသမီးအခွင့်အရေးမြှင့်တင်ဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ဦးဆောင်မှု ကဏ္ဍကနေ ပါဝင်လာဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံအမျိုးသမီးများ ကွန်ယက်က နော်စူစန်နာ လှလှစိုးက ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆွေးနွေးရာမှာလည်း မျိုးစောင့် ဥပေဒနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေထွေအတွင်းရေးမှူ ဒေါ်တင်တင်ညိုကပြောပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေဥပေဒနဲ့ပတ်သက်ပြီး ပြန်လည်ပြင်ဆင်တာမျိုးမဟုတ်ဘဲ အသစ်ပြန်လည်ရေးဆွဲဖို့ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲအပြီးမှာတော့ အမျိုးသမီးဖိုရမ်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ကနေပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ နော်အုန်းလှ၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ဘောက်ဂျာနဲ့ ဒေါ်မိမိခင်တို့ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတဆီကို လက်မှတ်ရေးထိုး တောင်းခံသွားမယ်လို့ ပြောပါတယ်။
အမျိုးသမီးများ ဖိုရမ်ကို စက်တင်ဘာလ ၂၀ ကနေ ၂၂ ရက်နေ့အထိ ၃ ရက်တာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖိုရမ်ကို ပြည်ပအခြစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ မြန်မာအမျိုးသမီးများ အဖွဲ့ကွန်ရက်ပူးတွဲကျင်းပတာဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ် ၄ ရာကျော် တက်ရောက်ခဲ့ပါတယ်။
အပြည့်အစုံ နားဆင်ရန်