A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ ကာကွယ်ဆေး ကိုယ့်နိုင်ငံဦးစားပေးဝါဒကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်နိုင်

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးရဖို့ ကိုယ့်နိုင်ငံကောင်းစားရေး အလွန်အကျွံ ဦးစားပေးတဲ့ဝါဒဟာ ကမ္ဘာ့စီးပွားရေးကို အမေရိကန် ဒေါ်လာ ၉ ဒသမ ၂ ထရီလီယံထိ ထိခိုက်စေလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အကြီးအကဲ တေဒရိုက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာကုန်သည်ကြီးများအသင်း (ICC) ရဲ့ အစီရင်ခံစာကို ကိုးကားပြောဆိုလိုက်တာဖြစ်ပြီး ဒီဝါဒဟာ ကျင့်ဝတ်ဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ကျဆုံးမှု ဖြစ်လာလိမ့်မယ်လို့လည်း  WHO အကြီးအကဲက သတိပေးပါတယ်။

ICC ရဲ့ သုတေသနအရ တကမ္ဘာလုံး စီးပွားရေး ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံထဲမှာ ပိုချမ်းသာတဲ့နိုင်ငံတွေက အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ထရီလီယံ ဆုံးရှုံးလိမ့်မယ်လို့ ဆိုပါတယ်။

“ဒီအစီရင်ခံစာဟာ နှိုးစက်ပဲ။ ကာကွယ်ဆေး မျှဝေသုံးစွဲမယ့် ကိုဗက်စ်အစီအစဉ်မှာ ရင်းနှီးမြှုပ်နှံတာဟာ ရက်ရောတဲ့လုပ်ရပ် မဟုတ်ဘူး”လို့  ICC အတွင်းရေးမှူးချုပ် ဂျွန်ဒန်တွန်က ပြောပါတယ်။

အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ သြစတြေးလျနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အစိုးရတို့က ပိုပြီး အလုပ်လုပ်ကြဖို့ကိုလည်း သူက ဆော်သြပါတယ်။ 

“တကယ်လို့ ခင်ဗျားတို့က ကိုယ့်နိုင်ငံရဲ့ စီးပွားရေးကို ပြုပြင်ချင်ရင် ကမ္ဘာ့စီးပွားရေးကို ပြုပြင်ရာမှာ ပါဝင်ရလိမ့်မယ်။ ဒါဟာ တကယ်တော့ ပရဟိတလုပ်ရပ်မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ ဘဝပေး အသိပါ”လို့ သူက ဆက်ပြောပါတယ်။

ကာကွယ်ဆေးကို တန်းတူညီမျှ ဖြန့်ဖြူးရေး ခေါင်းစဉ်အောက်မှာ ကိုယ်ကျင့်တရား ပျက်စီးမှု ကပ်ဘေးကြီးရဲ့ ချောက်ကမ်းပါးပေါ်မှာ ကမ္ဘာကြီး ရောက်နေခဲ့ပြီလို့ တေဒရိုက ဇန်နဝါရီ ၁၈ ရက်က သတိပေးခဲ့ပါသေးတယ်။

မနှစ်က ကာကွယ်ဆေးအတွက် အပြန်အလှန်သဘောတူညီချက် ၄၄ ရပ်ကို လက်မှတ်ထိုးခဲ့ပြီး ဒီနှစ်မှာတော့ ၁၂ ရပ်ထက် မနည်းကို လက်မှတ်ထိုးပြီးစီးပါတယ်။

A d v e r t i s e m e n t With Us

More News
Up