Home
မြန်မာသတင်း
လက်ပံတိုရေနံမှော်တွင် ရေနံသယ်ကား မီးလောင်ပြီး ယာဉ်မောင်း ၁ ဦး သေဆုံး
DVB
·
January 26, 2021
142390833_809851886263020_6980945915871374736_n
141288529_809851829596359_1446613209226891393_n
141033707_809851852929690_1554923686395754441_n
141033707_809851852929690_1554923686395754441_n

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာအုပ်စု လက်ပံတိုရေနံမှော်မှာ ရေနံစိမ်းသယ် ၆ ဘီး ယာဉ်တစ်စီး ဇန်နဝါရီ ၂၅ မွန်းလွဲ  ၂ နာရီလောက်က  မီးလောင်မှုဖြစ်ပွားပြီး ယာဉ်မောင်း ၁ ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ခြံပိုင်ရှင်ဦးအောင်မျိုးလင်းရဲ့ခြံထဲမှာ ယာဉ်မောင်း ထွန်းဦးက ရေနံစိမ်းတင်ဆောင်လာတဲ့ ‌ဟီးနိုးယာဉ်ပေါ်ကနေ ရေနံတွေကိုပန့်နဲ့ စုပ်ချနေစဉ် အင်ဂျင်စက်မီးပွားနဲ့ ရေနံငွေ့ ထိတွေ့ မီးလောင်မှုဖြစ်ခဲ့တာပါ။

နေခင်း ၂ နာရီလောက်မှာ  မီငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ၆ ဘီးယာဉ်၊ ဆီပန့်အင်ဂျင်နဲ့ယာဉ်ပေါ်ပါ ရေနံစိမ်းပီပါ အလုံး ၂၀ လောက် မီးလောင်ဆုံးရှုံးခဲ့လို့ ‌ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၅ သိန်းကျော်ခန့်ရှိတယ်လို့လည်း မြိုင်မြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းကို ရေပြာနယ်မြေရဲကင်းစခန်းမှာ မီးပေါ့ဆစွာ လုပ်ငန်းလုပ်ကိုင်မှု ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူထားပါတယ်။

သတင်း - ကိုလင်း(ချောက်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024