ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၀၀၀ ကျော်ရှိလာ

ပြည်ကြီးတံခွန်မြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်လာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ထောင်ချီကူးစက်ခံရတဲ့ မြို့နယ် ၆ ခုထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံ မြို့နယ်ပေါင်း ၃၈ ခုထိ ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဆိုပါ မြို့နယ် ၃၈ ခုထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း  ၃၀ မြို့နယ်၊ မန္တလေးတိုင်းက ၆ မြို့နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တို့က ၁ မြို့နယ်စီ ပါဝင်လာခဲ့ပါတယ်။

အဲဒီထဲမှာ ပိုးတွေ့လူနာ ၆,၀၀၀ ကျော်တဲ့  မြို့နယ် ၁ ခု၊ ၅,၀၀၀ ကျော်တဲ့မြို့နယ် ၁ ခု၊ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၆ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၃ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ မြို့နယ် ၁၄ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၆,၀၀၀ ကျော်နဲ့ ရောဂါကူးစက်မှုအများဆုံးမြို့နယ်ကတော့ မင်္ဂလာဒုံမြို့နယ်ဖြစ်ပြီး ၆,၀၇၉ ယောက် ကူးစက်ခံထားရကာ သူ့နောက်မှာတော့ မြောက်ဥက္က လာပမြို့နယ်က ၅,၈၆၇ ယောက်စီ အသီးသီးကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ်တဲ့ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၄,၈၃၁ ယောက်၊ ၄,၆၄၀ ယောက်၊ ၄,၅၆၇ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၆ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ်တဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ တာမွေ၊ တောင်ဉက္ကလာပ မြို့နယ်နဲ့ ပဲခူးတိုင်း မြို့တော် ပဲခူးမြို့တွေဖြစ်ပြီး ပိုးတွေ့လူနာ ဦးရေ ၃,၈၈၈ ယောက်၊ ၃,၈၁၄ ယောက်၊ ၃,၂၂၀ ယောက်၊ ၃,၀၃၆ ယောက်၊ ၃,၀၂၁ ယောက်၊ ၃,၂၉၁ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၃ ခုထဲမှာတော့ ရန်ကုန်တိုင်းမြို့နယ် ၉ ခု ဖြစ်တဲ့ လှိုင်၊ သန်လျင်၊ ကမာရွတ်၊ သာကေတ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မှော်ဘီ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တွေ၊ မန္တလေးတိုင်းမြို့နယ် ၄ ခုဖြစ်တဲ့ ချမ်းအေးသာစံ၊ အောင်မြေသာစံနဲ့ မဟာအောင်မြေ၊ ချမ်းမြသာစည်မြို့နယ်တွေ ပါဝင်နေပါတယ်။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့နယ် ၁၄ ခုအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၁၀ ခုဖြစ်တဲ့ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ဒလ၊ ရန်ကင်း၊ လမ်းမတော်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဗိုလ်တစ်ထောင်၊ လှည်းကူး၊ အလုံ၊ ဒေါပုံမြို့နယ်တွေ၊ မန္တလေးတိုင်းမြို့နယ် ၂ ခုဖြစ်တဲ့ အမရပူရနဲ့ ပြည်ကြီးတံခွန်မြို့နယ် တွေ၊ မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့နဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၁၀ လကျော် ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၁၃၇,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၂၅ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၃၇,၉၅၇ ယောက်၊ သေဆုံးသူ ၃,၀၆၉ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၁၂၂,၁၁၆ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၈၆,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ် ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းက ပိုးတွေ့လူနာ ၁၆,၀၀၀ နီးပါးနဲ့ ပဲခူးတိုင်းက ပိုးတွေ့လူနာ ၉,၀၀၀ ကျော် ရှိနေပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်းသန်း ၁၀၀ ကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၂  သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၇၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up