ဟုန်ရှင်းသပိတ်စခန်း ဖြိုခွင်းရန် ပြင်ဆင်နေ

သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ဟုန်ရှင်း အအေးခန်းစက်ရုံအလုပ်သမားတွေကို ဖြိုခွင်းဖို့ လုံထိန်းရဲတွေ ကား၎ စီးနဲ့ အမေရိကန် သံရုံဟောင်း ရှေ့ ကုန်သည်လမ်းမှာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားတွေဟာ အလုပ်ရှင်က လျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့ စီစဉ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ မနေ့ကစပြီး မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော်နေကြတာပါ။

More News
Up