
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် နယ်မြေ ၃ ကိုးနဝင်းပရိယတ္တိစာသင်တိုက်မှာ ဇန်နဝါရီ ၂၃ ရက်ညက ဦးပဉ္စင်း ၃ ပါး နဲ့ ကိုရင် ၁၉ ပါး အစာအဆိပ်သင့်ပြီး မူးဝေအော့အန်တာကြောင့် မိတ္ထီလာပြည်သူဆေးရုံမှာ ကုသမှူခံယူရပါတယ်။
မိတ္ထီလာအောင်ဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ငွေက “ဟင်းပေါင်းက ဖြစ်တာလို့ သိရတယ်။ မူးဝေအော့အန်လို့ ဆေးရုံပို့ပေးရတယ်၊ သက်သာပါတယ် မစိုးရိမ်ရတော့ပါဘူး” လို့ ပြောပါတယ်။
သက်တော် ၅၉ နှစ်၊ ဝါတော် ၃၉ ဝါရှိ ဆရာတော်အပါအဝင် ဦးဇင်း ၃ ပါး နဲ့ ကိုရင် ၁၉ ပါး စုစုပေါင်း ၂၂ ပါး အစာအဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း