ကားပါကင်အသစ်ပေါ် ဈေးရောင်းသူများကို အရေးယူတော့မည်
DVB
·
September 23, 2013
လက်ရှိ ရန်ကုန်မြို့တွင်းမှာ အသစ်ခင်းပေးနေတဲ့ ကားပါကင်တွေပေါ်မှာ ဈေးရောင်းချ နေတဲ့ လမ်းဘေးဈေးသည်တွေကို မကြာမီ ထိထိရောက်ရောက် အရေးယူသွားတော့မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဈေးများဌာန တာဝန်ရှိသူတဦး ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
ကားပါကင်နေရာတွေမှာ ဈေးဆိုင်တည်ခင်း ရောင်းချတဲ့ ဒီဈေးသည်တွေကို စည်ပင်ဥပဒေ ပုဒ်မ ၂၀ နဲ့ တရားစွဲသွားမှာဖြစ်ပြီး အမြင့်ဆုံး ငွေဒဏ် ကျပ် ၅ သိန်းအထိ ချနိုင်တယ်လို့ သူက ရှင်းပြပါတယ်။
ရန်ကုန်မြို့လယ်ဧရိယာတွေမှာ လမ်းဘေးဈေးသည်တွေကို ဖမ်းဆီးတဲ့ စည်ပင်ဝန်ထမ်းတွေနဲ့ လမ်းဘေးဈေးသည်တွေ မကြာခဏ အဓိကရုဏ်းဖြစ်ပွားလေ့ရှိကြောင်း ဈေးသည်တွေက ပြောပါတယ်။ Read more