Home
သတင်းဓာတ်ပုံ
မောင်တောတွင် အမည်မသိလက်နက်ကိုင်အဖွဲ့၏ ရိုက်နှက်ခံရသူ အရေးပေါ်ကုသနေရ (ဓာတ်ပုံ)
DVB
·
January 24, 2021
IMG_1771
IMG_1736
IMG_1733
IMG_1723
IMG_1757
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ခြေမှာ ဝါးခုတ်သွားရာမှ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက်ခံရတဲ့ အောင်သုခကျေးရွာက ရွာသား ၂ ဦးထဲက ၁ ဦး ဒဏ်ရာပြင်းထန်တာကြောင့် မောင်တောဆေးရုံကနေ စစ်တွေဆေးရုံကို ပြောင်းရွှေ့ပြီး အရေးပေါ်ကုသနေရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ မောင်တောမြို့နယ်အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာသားနှစ်ဦးမှာ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းက ဝါးခုတ်သွားကြစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်း ဆီးရိုက်နှက်ပြီး ပြန်လွှတ်ပေးလိုက်တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးရိုက်နှက်ခံခဲ့ရတဲ့ အောင်သုခကျေးရွာသားနှစ်ဦးမှာ ဦးကျော်ဇောအောင် ၅၃ နှစ်နဲ့ ဦးမင်းသိုက်ထွန်း ၃၈ နှစ်တို့ဖြစ်ပါတယ်။ ဦးကျော်ဇော်အောင်မှာ ဒဏ်ရာပြင်ထန်းတာကြောင့် မောင်တောဆေးရုံကနေ စစ်တွေဆေးရုံကြီးကို ဇန်နဝါရီ ၂၃ ရက်နေ့က ပို့ဆောင်ကုသထားရတာပါ။  Photo - Kaung Mrat Naing / MPA  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024