မော်စကိုဆန္ဒပြပွဲအတွင်း အတိုက်အခံခေါင်းဆောင်၏ ဇနီးကို ရုရှားရဲဖမ်းဆီး

561
ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ ဇန်နဝါရီ ၂၃ ရက်ကလုပ်တဲ့ ဆန္ဒပြပွဲအတွင်း ရဲတွေက အတိုက်အခံခေါင်းဆောင် နာဗင်ညီရဲ့ ဇနီး ယူလီယာကို ထိန်းသိမ်းခဲ့ပါတယ်။
မော်စကိုနဲ့ တခြားမြို့ကြီးတွေမှာလုပ်တဲ့ ဆန္ဒပြပွဲတွေဟာ တရားမဝင်ဘူးလို့ ရဲတွေက ကြေညာပြီး နာဗင်ညီ ထောက်ခံသူ ရာနဲ့ချီကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မော်စကိုကို ပြန်လာတဲ့ ရုရှားအစိုးရ ဝေဖန်သူ နာဗင်ညီဟာ အဖမ်းရပြီး သူက ဆန္ဒပြပွဲတွေ ကျင်းပဖို့ ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။
ဒါကြောင့် ဇန်နဝါရီ ၂၃ ရက်က ရုရှားနိုင်ငံတဝှမ်းက မြို့တွေမှာ နာဗင်ညီကို လွှတ်ပေးရေးနဲ့ သမ္မတ ပူတင် နုတ်ထွက်ပေးရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို ကျင်းပခဲ့ပါတယ်။
မြို့တော် မော်စကိုမှာတော့ လူပေါင်း လေးသောင်းထက်မနည်း စုဝေးခဲ့ပြီး ဆန္ဒပြပွဲ မစခင်ကတည်းက အယောက် တစ်ရာထက်မနည်းကို ရဲတွေ ထိန်းသိမ်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။