A d v e r t i s e m e n t With Us

နှင်းလျှောစကိတ်ဘုတ်စီး အမျိုးသမီးပြိုင်ပွဲတွင် အမေရိကန်သူ အန်ဒါဆင် ဗိုလ်စွဲ

၂၀၂၁ ခုနှစ်ရဲ့  ပထမဆုံး slopestyle နှင်းလျှောစကိတ်ဘုတ်စီး အမျိုးသမီးပြိုင်ပွဲမှာ  နှစ်ကြိမ် အိုလံပစ်ရွှေတံဆိပ်ဆုရှင် အန်ဒါဆင်က အံ့ဖွယ်ပြကွက်နဲ့ တတိယနေရာကနေ ပထမနေရာ ရောက်ရှိကာ ၁၀ ကြိမ်မြောက် ကမ္ဘာ့ဖလားဆုကို ရသွားခဲ့ပါတယ်။  ဆွစ်ဇာလန်နိုင်ငံမှာ  ကျင်းပတဲ့ Laax Open's slopestyle အမျိုးသမီးပြိုင်ပွဲမှာ အမေရိကန်သူ အန်ဒါဆင်က ၈၄ ဒသမ ၃၅ မှတ်နဲ့ ပထမ၊ နယူးဇီလန်သူ ဇွန်းစကာဒို ဆကီဆစ်နော့က ၈၂ ဒသမ ၉၂ မှတ်နဲ့ ဒုတိယ၊ သြစတြေးလျသူ တက်စ်ကိုဒီက ၇၄ ဒသမ ၁၈ မှတ်နဲ့ တတိယနေရာ ရခဲ့ပါတယ်။ အမျိုးသားပွဲစဉ်မှာတော့ ဆွီဒင်နိုင်ငံသား မတ်ဆွန်က  ပထမအကျော့မှာ  ၈၄  ဒသမ ၂၄  မှတ်နဲ့ ပထမဆုံး  slopestyle ပြိုင်ပွဲ ချန်ပီယံဆုနဲ့ ဒုတိယမြောက် FIS World Cup အောင်ပွဲကို ရရှိခဲ့ပါတယ်။  ဂျာမနီနိုင်ငံသား လီယန် ဗိုကန်စပါဂါက နော်ဝေနိုင်ငံသား မားကပ်စ် ကယ်ဗယ်လောင်ကို ပွတ်ကာသီကာနိုင်ကာ ဒုတိယနေရာ ရခဲ့ပါတယ်။ ကယ်ဗယ်လောင်ကတော့ တတိယနေရာ ရခဲ့ပါတယ်။  Laax Open slopestyle  ပြိုင်ပွဲဟာ အမျိုးသား၊ အမျိုးသမီးတို့ရဲ့ halfpipe  ပြိုင်ပွဲတွေနဲ့ ဇန်နဝါရီလ ၂၃ ရက်မှာ ပြီးဆုံးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up