Home
အထွေထွေ
နေပြည်တော်ရဲနှင့် ၀ဲကြီးရွာသားများ ပဋိပက္ခဖြစ်
ရွှေအောင်
·
September 19, 2013
နေပြည်တော် ပုဗ္ပသီရိမြို့နယ် ၀ဲကြီးကျေးရွာမှာ စက်တင်ဘာ ၁၈ ရက်ညက ရဲနဲ့ ကျေးရွာသားတွေ ပဋိပက္ခဖြစ်ပွားပြီး ရဲ ၁၀ ယောက်လောက် ဆေးရုံတင်ထားရတယ်လို့ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်က ပြောပါတယ်။ ၁၈ ရက်နေ့ည ၁ နာရီခွဲလောက်မှာ ၀ဲကြီးကျေးရွာနေ ကျေးရွာ အန်အယ်လ်ဒီ အလုပ်အမှုဆောင် ကိုဇော်လတ် နေအိမ်ကို ရဲအယောက် ၃၀ လောက် အကြမ်းဖက်ဝင်ရောက်လာပြီး ရိုက်နှက်ရာမှာ ကိုဇော်လတ် ဇနီးသည်ဖြစ်သူက ဓားပြဓားပြလို့ အော်တာကြောင့် ရွာသားတွေ အိမ်ကို ၀ိုင်းလာခဲ့ကြတယ်လို့ ကိုဇော်လတ်က ပြောပါတယ်။ အဲဒီနောက် ရဲ ၂၇ ယောက်ကို ရွာသားတွေက ဖမ်းဆီးချုပ်နှောင်ထားလိုက်ကြောင်း၊ မိုးလင်းတော့ ရာနဲ့ချီတဲ့ရဲတွေ ရွာကို လာဝိုင်းပြီး အဖမ်းခံထားရတဲ့ ရဲတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုတဲ့အတွက် ထုတ်ပေးလိုက်တယ်လို့ ကာယကံရှင် ကိုဇော်လတ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဲဒီရွာအနီး လယ်သမားတချို့ ထွန်တုံးတိုက်ပွဲဝင်ခဲ့တာကို အားပေးအားမြှောက်ပြုတယ်ဆိုပြီး သူ့ကို လာဖမ်းတာလို့ ထင်ကြောင်း ကိုဇော်လတ်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုဗ္ပသီရိမြို့နယ် ကျည်တောင်ကန် စခန်းမှူးကို ဆက်သွယ်မေးမြန်းရာမှာ ဖြစ်စဉ်မှန်ကန်ကြောင်း ပြောပြီး အသေးစိတ်ပြောဆိုဖို့ကိုတော့ ငြင်းဆိုသွားပါတယ်။ အခင်းဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး ကာယကံရှင် ကိုဇော်လတ်ကို ဒီဗွီဘီသတင်းထောက် ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024