A d v e r t i s e m e n t With Us

နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

ကိုဗစ်-၁၉ ရောဂါသတိပေး ဆံရစ်ဝိုင်းနဲ့ နှာခေါင်းစည်းတပ်ဆင်ထားတဲ့ အရုပ်ဖွင့်ပွဲကို  ဇန်နဝါရီလ ၂၂ ရက်နေ့က နေပြည်တော်မှာ  ပြုလုပ်ခဲ့ပါတယ်။ ဒီအရုပ်ဖွင့်ပွဲကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နဲ့ တာဝန်ရှိသူတွေက ဖွင့်လှစ်ပေးခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတွေကို Mask တွေ ပေးဝေခဲ့ကြပါတယ်။ ဒီအရုပ်ကို ဒေသခံ မျှဝေသောလက်များအသင်းက ဦးဆောင်ပြီး အခကြေးငွေ အနည်းဆုံးနဲ့ လူငယ်တွေ ပူးပေါင်းပါဝင်ပြီးတော့မှ ဆောင်ရွက်တာဖြစ်ပါတယ်။ မျှဝေသောလက်များအသင်းဥက္ကဋ္ဌ ဒေါက်တာပေါ်မြင့်ဦးက  “ကျနော်တို့က mask တစ်ခါလေး မတပ်ရုံနဲ့ သန်းပေါင်းများစွာသောပိုးတွေ ကိုယ့်ထဲကို ဝင်နိုင်သလို မတော်တဆကိုယ်ထဲမှာ ရှိတာကနေ ပြည်သူဆီကို ပျံ့နှံ့နိုင်ပါတယ်။ ဘေးလူဆီကို ပျံ့နှံ့နိုင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် mask က သူတင်တပ်ရမှာ မဟုတ်ပါဘူး။ ကိုယ်လည်း တပ်ရမယ်။ အဲ့ဒီသတိဖြစ်စေခြင်းအလို့ငှာ ဒီအရုပ်ကို ကျနော်တို့အထက်ထိ တင်ပြတောင်းခံပြီးမှ ခွင့်ပြုချက်နဲ့ စိုက်ထူခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဒီအရုပ်ကို  ရာသီဥတုဒဏ် တစ်နှစ်လောက် ခံနိုင်အောင် ခန့်မှန်းပြီး သံ၊ ကြိမ်၊ ဝါးတို့ကို အသုံးပြု တည်ဆောက်ထားတာဖြစ်ပြီး ကျပ် ၁၀ သိန်းလောက် ကုန်ကျတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up