အိန္ဒိယက လက်ဆောင်ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ)
DVB
·
January 22, 2021
အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံအစိုးရကို လက်ဆောင်အဖြစ်ပေးအပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်သန်းခွဲ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
ကာကွယ်ဆေးတွေကို အိန္ဒိယလေကြောင်းလိုင်းမှ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် AI-1234 နဲ့တင်ဆောင်လာတာဖြစ်ပြီး ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
COVISHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးယူနစ်ပေါင်း ၁ သန်းခွဲကျော်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Saurabh Kumar က မြန်မာနိုင်ငံကျန်းမာရေးနှင့်အ အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံသို့ ဒီကနေ့ လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့် တစ်ပတ်အတွင်း စတင်ထိုးပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၆,၁၆၆ ယောက်၊ သေဆုံးသူ ၃,၀၁၃ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၉,၉၇၃ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Photo - Ye Myo Khant / MPA