အိန္ဒိယရှိ အကြီးဆုံးကာကွယ်ဆေးထုတ်စက်ရုံ မီးလောင်၊ လူ ၅ ဦး သေဆုံး

2.1K
အိန္ဒိယအနောက်ပိုင်းက ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထုတ်စက်ရုံမှာ ဇန်နဝါရီ ၂၁ ရက်က မီးလောင်လို့ လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။
ပူနေးမြို့ က Serum Institute ရဲ့ တည်ဆောက်ဆဲအဆောက်အအုံ တစ်ခုမှာ မီးစလောင်ခဲ့တာပါ။ နောက်ပိုင်းမှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ လူ ၅ သေဆုံးခဲ့တယ်လို့ ပူနေးမြို့တော်ဝန်က အတည်ပြု ပြောပါတယ်။
"ဒီလိုအရေးပေါ်အခြေအနေတွေကို ဖြေရှင်းဖို့ ထုတ်လုပ်ရေးအဆောက်အအုံ အများအပြား အရန် ထားရှိတာကြောင့် ပြည်တွင်းမှာ Covishield လို့ လူသိများတဲ့ အက်စ်ထရာဇန်နက်ကာ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရေးကို မထိခိုက်ပါဘူး"လို့ Serum Institute စီအီးအို အက်ဒါ-ပူနာဝါလာက ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။