တိုက်စစ်မှူး ၂ ဦး  ခေါ်ယူပေးရန် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ် တောင်းဆို

ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး ဟော်လာကို အေဂျက်ဇ်အသင်းဆီ ရောင်းချခဲ့တာ ကြောင့် အစားထိုးအသုံးပြုနိုင်မယ့် တိုက်စစ်စားသမားသစ် တစ်ဦး ရှာဖွေနေပါတယ်။ လက်ရှိအချိန်မှာတော့  ချန်ပီယံရှစ်ကလပ် ဘုန်းမောက်တိုက်စစ်မှူး ဂျိုရူအာကင်းနဲ့ ဘလက်ဘန်းတိုက်စစ်ကစားသမား အဒမ်အမ်းစတောင်းတို့ကို ခေါ်ယူပေးဖို့ နည်းပြ မိုယက်စ်က တောင်းဆိုထားတာပါ။  ဝက်စ်ဟမ်းအသင်းဟာ ပွဲစဉ် ၁၉ ပွဲအပြီးမှာ ၉ ပွဲနိုင် ၅ ပွဲ သရေ ၅ပွဲ ရှုံးနိမ့်ထားပြီး အဆင့်၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။  တိုက်စစ်မှူး တစ်ဦးခေါ်ယူချင်သလားဆိုရင်တော့ တစ်ဦးခေါ်ယူဖို့ စိတ်ဝင်စားပြီး သေချာ ရွေးချယ်သွားရမှာ ဖြစ်တယ်လို့ မိုယက်စ်က ပြောပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ မနှစ်က ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေတဲ့ ဖရန့်ဖတ်တိုက်စစ်မှူး လာကာဂျိုဗစ်ကို ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ 

More News
Up