မြန်မာ့အသံစိန်ရတုဂီတဖျော်ဖြေပွဲ ဂျေမောင်မောင်၊ ဟေမာနေဝင်း၊ ယုဇနနှင့် အဆိုတော်များပါဝင်  

မြန်မာ့အသံနဲ့ရုပ်မြင်သံကြားရဲ့ စိန်ရတုဂီတဖျော်ဖြေပွဲတွေကို အပတ်စဉ်ပြုလုပ်နေပြီး ခုတပတ်မှာတော့ နာမည်ကြီးတေးသံရှင်တွေ ဖြစ်ကြတဲ့ ဂျေမောင်မောင်၊ ဟေမာနေဝင်း၊ ယုဇနတို့နဲ့ တခြားအဆိုတော်တွေ ပါဝင်သွားကြဖို့ ရှိနေပါတယ်။ မြန်မာ့အသံ-ရေဒီယိုခေတ်က ထင်ရှားကျော်ကြားခဲ့တဲ့ တေးသီချင်းတွေထဲက သီချင်း ၇၅ ပုဒ်ကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ခုလာမယ့် ဇန်နဝါရီ ၂၂ ရက်ညမှာတော့ ဂျေမောင်မောင်၊ ဟေမာနေဝင်း၊ ယုဇနတို့နဲ့အတူ တူးတူး၊ အောင်အေးချစ်၊ လိမ္မော်သီး၊ ချယ်ရီသင်းတို့က AURORA တေးဂီတအဖွဲ့နဲ့ ပါဝင်သွားကြမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)ရဲ့ ည ၈ နာရီသတင်းအပြီးမှာ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်သွားမှဖြစ်ပြီး MRTV ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်က တဆင့်လည်း စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

More News
Up