စင်ကာပူ ဂလန်အီးဂဲလ်စ် ပုဂ္ဂလိကဆေးရုံ ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံ

စင်ကာပူနိုင်ငံရဲ့ ဂလန်အီးဂဲလ်စ် ပုဂ္ဂလိကဆေးရုံကြီးမှာ ဇန်နဝါရီ ၁၉ ရက်က ကျန်းမာရေးဝန်ထမ်းတွေကို ဖိုင်ဇာ ကိုဗစ်-၁၉ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးနေပါတယ်။ ဂလန်အီးဂဲလ်စ်ဆေးရုံ စီအီးအိုပြောဆိုချက်အရ ဆေးရုံပိုင်ရှင် IHH Singapore က သူရဲ့ ဝန်ထမ်း အယောက် ၅၅၀ ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးပြီလို့ ဆိုပါတယ်။  IHH ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်း ၈,၀၀၀ ဝန်းကျင်ထဲက ၈၀ ရာခိုင်နှုန်းဟာ အခမဲ့ ကာကွယ်ဆေးထိုးဖို့ စာရင်းပေးထားတယ်လို့လည်း သိရပါတယ်။ စင်ကာပူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်ကစပြီး ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေး စထိုးပေးခဲ့ပါတယ်။ လူဦးရေ ၅ ဒသမ ၇  သန်းလုံးအတွက်  ဒီနှစ် တတိယသုံးလပတ်မှာ ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ရဖို့ စင်ကာပူ မျှော်လင့်ထားတယ်လို့ ရိုက်တာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up