Home
သတင်းဓာတ်ပုံ
ဇေကမ္ဘာ ရှေးဟောင်းပြတိုက် ဖေဖော်ဝါရီ ၁ ရက်ဖွင့်မည် (ဓာတ်ပုံ)
DVB
·
January 18, 2021
4I8A0850
4I8A0838
4I8A0828
4I8A0818
4I8A0805
4I8A0782
4I8A0763
4I8A0759
4I8A0749
4I8A0740
4I8A0715
4I8A0709
4I8A0701
4I8A0684
မြန်မာနိုင်ငံမှာ ပထမဆုံး ပုဂ္ဂလိက ရှေးဟောင်းပြတိုက်ဖြစ်တဲ့ ဇေကမ္ဘာပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာဝင်းအတွင်း လာမယ့် ဖေဖော်ဝါရီ တစ်ရက်နေ့ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ အဆိုပါပြတိုက်ကို ဇေကမ္ဘာဦးခင်ရွှေ ပိုင်ဆိုင်တာဖြစ်ပြီး သားဖြစ်သူဦးဇေသီဟက "ကျနော်တို့ငယ်ငယ်က အဖေက ရှေးဟောင်းပစ္စည်းတွေစုတယ်။ ပြီးတော့ တချို့ဆို ရှေးဟောင်းပစ္စည်းတွေ စုထားတယ်။ အဲ့တာက သူတို့မရှိတော့ သူတို့သားသမီးတွေက ဆက်မလုပ်ဖြစ်ကြတော့ အဲ့တာမျိုးတွေ ဝယ်ထားတယ်။ ပန်းချီကားတွေ ရှေးဟောင်းဖြစ်ပစ္စည်းတွေပေါ့။ အဲ့တာတွေများလာတော့ အခုလိုပြတိုက်မျိူးဖွင့်ဖြစ်တာ။ ၂၀၁၅ နောက်ပိုင်းလောက်ကတည်းက ပြတိုက်ဖွင့်ဖို့ပြင်ဆင်ခဲ့တာပါ" လို့ ပြောပါတယ်။ ဇေကမ္ဘာပြတိုက်မှာ ရှေးဟောင်းလက်ရာပစ္စည်တွေ၊ ကြေးခေတ် သံခေတ်က လူရုပ်လောင်းအပါအဝင် အခြားရုပ်ကြွင်းတွေ၊ မြန်မာမှု အနုသုခုမလက်ရာတွေကို စုစည်းထားရှိပြီး အထပ်လေးထပ်နဲ့ ထားရှိမှာ ဖြစ်ပါတယ်။ ဇေကမ္ဘာပြတိုက်ကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပထမထပ်နဲ့ ‌မြေညီထပ်ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။ အများပြည်သူ ဝင်ရောက်လိုပါက အခကြေးငွေပေးရမှာဖြစ်ပြီး လက်ရှိအချိန်မှာ ကိုဗစ်စည်းမျဉ်းကြောင့် ကြည့်ရှုနိုင်မယ့်ရက်ကို မသတ်မှတ်ထားသေးဘူးလို့ သိရပါတယ်။  Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024