Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကျပ်သန်း ၂၀၀၀ ကျော်အသုံးပြုပြီး ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မည်
DVB
·
January 18, 2021
မကွေးတိုင်းဒေသကြီးက မြို့နယ် ၂၃ မြို့နယ်မှာ ယခုနှစ်အတွင်း ကျပ်သန်းပေါင်း ၂၀၀၀ ကျော်အသုံးပြုပြီး ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးမယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းအတွင်းက မြို့နယ် ၂၃ မြို့နယ်မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင် ကုန်ထုတ်လမ်း ၅၆ မိုင်ကျော်နဲ့ တံတား ၅၈ စင်း၊ အရှည်ပေ ၁၁၀၀ ကျော်အတွက် ကျပ်သန်းပေါင်း ၂၀၀၀ ကျော်အသုံးပြုပြီး ဖောက်လုပ်ပေးသွားမယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ မြို့နယ် ၁၉ မြို့နယ်မှာ ကျပ်သန်းပေါင်း ၂၁၀၀ ကျော်အသုံးပြုပြီးတော့ ကျေးလက်ကုန်ထုတ်လမ်း ၆၇ မိုင်ကျော်၊ တံတား၊ ရေကျော် ၁၉၁ စင်း အရှဥ်ပေ ၁၉၀၀ ဖောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ကျေးရွာတွေက ကုန်ထုတ်လမ်းဖောက်လုပ်ပေးဖို့ ပိုမိုတောင်းဆိုတာတွေရှိပေမယ့် လယ်ထဲကို အဖြတ်မခံတာတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မဲ့နေရာတွေ၊ ဇီဝမျိုးကွဲရှိတဲ့နေရာတွေ လုပ်ပေးလို့မရဘဲ သတ်မှတ်ချက်နဲ့ကိုက်ညီပြီး အများလက်ခံသဘောတူတဲ့ နေရာတွေအတွက် စီမံချက်တွေရေးဆွဲနေတယ်လို့ ညွှန်ကြားရေးမှူးက ပြောပါတယ်။ အရင်က လမ်းတွေကျဥ်းမြောင်းပြီး ဗွက်အိုင်တွေရှိနေတာကြောင့် သီးနှံထုတ်ဖို့အခက်ခဲရှိပြီး နိုင်ငံတော်အနေနဲ့ ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးလိုက်တာကြောင့် လယ်ယာတွေ ထဲက သီးနှံတွေကို အလွယ်တစ်ကူသယ်ယူနိုင်ပြီး စျေးကွက်ကိုအချိန်မီ တင်ပို့ရောင်းချနိုင်တယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024