ဆရာ ၅ ဦး၏ ကပ်ဘေးကြားကအနုပညာ ART AND PANDEMIC စုပေါင်းပန်းချီပြပွဲ ပြုလုပ်
DVB
·
January 18, 2021
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ၃၄ လမ်း အလယ်ဘလောက်က (ကလသာ) အနုပညာပြခန်းမှာ ကပ်ဘေးကြားက အနုပညာ ART AND PANDEMIC စုပေါင်းပန်းချီပြပွဲကို ဖွင့်လှစ်ပြသနေပါတယ်။
ပန်းချီဆရာတွေ ဖြစ်ကြတဲ့ ထူးအောင်ကျော်၊ ကိုမောင်ကျော်သန်း၊ အောင်ကို၊ ရွှေသိန်းနဲ့ အောင်စည်သူတို့ ၅ ဦး ပါဝင်တဲ့ ဒီပန်းချီပြပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်ကနေ ၁၉ ရက်နေ့ အထိ ၆ ရက် တိတိ ပြသသွားမှာပါ။
ပန်းချီကား ၄၄ ကား ပြသထားပြီး ပန်းချီကားဆိုဒ်အကြီး အသေးအလိုက် ကားတကားကို အမေရိကန် ဒေါ်လာ ၁၀၀ ကနေ ၅၀၀ အထိ ရောင်းဈေး သတ်မှတ်ထားပါတယ်။
ပြခန်းကိုလည်း ကိုဗစ်ကျန်းမာရေးစည်ကမ်းနဲ့အညီ စီစဉ်ထားတယ်လို့ ပြခန်းတာဝန်ခံ မစုထွေးက ပြောပါတယ်။