ကဘူးလ်တွင် အမျိုးသမီး တရားသူကြီး ၂ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မှာ အမည်မသိ သေနတ်သမားတွေက အမျိုးသမီး တရားသူကြီး ၂ ယောက်ကို ဇန်နဝါရီ ၁၇ ရက်က ပစ်သတ်ခဲ့ပြီး သူတို့ရဲ့ ယာဉ်မောင်းလည်း ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။ အမျိုးသမီးတွေဟာ သူတို့ အလုပ်လုပ်ရာ တရားရုံးချုပ်ကိုသွားချိန် မနက်အစောပိုင်းမှာ ချုံခိုတိုက်ခိုက်ခံရတာလို့ ဒေသခံ မီဒီယာက ဖော်ပြပါတယ်။ ပစ်ခတ်မှုကို တာဝန်ခံ ပြောဆိုမှုတော့ မရှိသေးပါဘူး။ အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရနဲ့ တာလီဘန်တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးနေကြပေမဲ့ အကြမ်းဖက်မှု တိုးနေပြီး လတ်တလော လတွေအတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အစိုးရ အရာရှိတွေနဲ့ သတင်းထောက်တွေကို ပစ်မှတ်ထား သတ်ဖြတ်မှု အမြန် တိုးလာနေပါတယ်။ လာမယ့်နှစ်မှာ အာဖဂန်ကနေ နိုင်ငံခြားတပ်တွေ ပြန်ဆုတ်ခွာပြီး တာလီဘန်တွေ အာဏာပြန်ရလာရင် ကျန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အမျိုးသမီးအခွင့်အရေး တိုးတက်မှုတွေ နောက်ကြောင်းပြန်သွားမယ့် ဖြစ်နိုင်ခြေကို စိုးရိမ်ပူပန်မိတယ်လို့ နိုင်ငံတကာ အလှူရှင်တွေနဲ့ အစိုးရတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up