Home
သတင်းဓာတ်ပုံ
ရန်ကုန်မြို့အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုရေး လှုပ်ရှားမှုပြုလုပ်
သူဇာလင်း
·
January 18, 2021
139520214_3974214285935985_5316088563452790329_n
138960056_3974214229269324_2705491492981637780_n
138720873_3974214449269302_7459827051529039729_n
138650929_3974214435935970_20789975989390095_n
138324233_3974214262602654_8104943535400604643_n
138182482_3974214135936000_154799533076636930_n
138174564_3974214112602669_369803134903739332_n
137587209_3974214222602658_1349008339303525472_n
139569382_3974214459269301_436954253306908441_n
139520214_3974214285935985_5316088563452790329_n
138960056_3974214229269324_2705491492981637780_n
138720873_3974214449269302_7459827051529039729_n
138650929_3974214435935970_20789975989390095_n
138324233_3974214262602654_8104943535400604643_n
138182482_3974214135936000_154799533076636930_n
138174564_3974214112602669_369803134903739332_n
137587209_3974214222602658_1349008339303525472_n
ရန်ကုန်မြို့အတွင်းမှာ ဥပဒေနဲ့အညီ တရားဝင်ဆိုင်ကယ်စီးနှင်းခွင့်ပြုဖို့ကို Yangon Motor Biker Group ဆိုင်ကယ်ချစ်သူများက ဦးဆောင်ပြီး လက်မှတ်ကောက်ခံတာကို ဇန်နဝါရီ ၁၇ ရက်နေ့ ညနေပိုင်းက မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုဖို့ အများပြည်သူသဘောတူချက်လက်မှတ်ကောက်ခံပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပေးပို့သွားမှာဖြစ်ပါတယ်။   ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ပြုရေးအတွက် ကောက်ခံထားတဲ့လက်မှတ်ပေါင်း ၆၀၀ နီးပါးရှိပြီလို့  ဦးဆောင်ကျင်းပတဲ့ ကိုဝင်းကျော်မောင်က ပြောပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့တွင်းမှာ ဆိုင်ကယ်စီးနှင်းခွင့် မရရှိသလို ဆိုင်ကယ်စီးနင်းခွင့်ရရှိတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးတာတွေဟာ ယာဉ်စည်းကမ်းဥပဒေအတိုင်း ဖမ်းဆီးတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ရန်ကုန်မြို့အတွင်း တရားဝင်ဆိုင်ကယ်စီးနှင်းခွင့်ပြုရေးကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ၂၀၁၉ ခုနှစ် မတ်လ ၅ ရက်နေ့ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့်  လက်ရှိအချိန်ထိ အစိုးရက အကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။   ဒီလှုပ်ရှားမှုမှာတော့ ဆိုင်ကယ်ချစ်သူများ ဦးရေ ၁၀၀၀ လောက်က ပါဝင်လုပ်ဆောင်နေတာလို့ ပြောပါတယ်။  ဇန်နဝါရီလ ၁၈ ရက်နေ့မှာလည်း တရားဝင်ဆိုင်ကယ်စီးနှင်းခွင့်ပြုရေးလှုပ်ရှားမှု ထပ်မံလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Yangon Motor Biker Group ဆိုင်ကယ်ချစ်သူများက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြည်သူတွေကို Mask အခု ၁၀၀၀ ကိုလည်း ပေးဝေခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024