A d v e r t i s e m e n t With Us

တွန်းဇံမြို့ အနောက်မြောက်ဘက်တွင် အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်

ချင်းပြည်နယ် တွန်းဇံမြို့ရဲ့ အနောက်မြောက်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၃ နာရီ ၁၈ မိနစ် ၁၄ စက္ကန့်အချိန်က တွန်းဇံမြို့ရဲ့ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၆၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၆၈ ဒီဂရီ၊ အနက် ၃၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ချ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up