A d v e r t i s e m e n t With Us

KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်

Photo : တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
ကရင်ပြည်နယ် မဲဝိုင်အနီးရှိ တပ်မတော်စခန်းရဲ့ တောင်ဘက် မဲဝိုင်ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် မောင်မိုးအောင်ဟာ KNLA တပ်မဟာ ၅ က ပစ်ခတ်တဲ့ သေနတ်ကျည်ဆန်ထိမှန်ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ညနေပိုင်းက သတင်းထုတ်ပြန်ပါတယ်။  ဇန်နဝါရီ ၁၅ ရက် မနက် ၁၁ နာရီ မိနစ် ၂၀ လောက်က ဘုန်းတော်ကြီးကျောင်းနဲ့ မီတာ ၃၀ လောက် အကွာမှာ သင်္ဘောသီးခူးနေတုန်း အနောက်တောင်ဘက် မီတာ ၇၅၀ လောက်ကနေပြီး KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင် သုံးဦးလောက်က လက်ဖြောင့်သေနတ်နဲ့ ၁ ချက်ပစ်ခတ်ခဲ့ရာ ခေါင်းကို ကျည်ဆန် ရှပ်ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။  ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ မောင်မိုးအောင်ကို တပ်မတော်စခန်း လုံခြုံရေးတပ်ဖွဲ့က လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။ KNLA တပ်မဟာ ၅ အဖွဲ့အနေနဲ့ မဲဝိုင်အနီး သတ်မှတ်နယ်မြေကျော်လွန်ကာ ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မကြာခဏ နှောင့်ယှက်ပစ်ခတ်ရာမှာ ဒီဇင်ဘာလကနေ အခုချိန်ထိ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်မှု ၁၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။  ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ KNLA တပ်မဟာ ၅ ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up