အင်ဒိုနီးရှား မြေငလျင်ကြောင့် သေဆုံးသူ ၄၅ ဦးကျော်ရှိလာ၊ အသက်ရှင်သူများကို ဆက်ရှာဖွေ

An Indonesian rescue team searches for victims and survivors at the earthquake-damaged Roa Roa hotel in Palu, Central Sulawesi, Indonesia, October 1, 2018 in this photo taken by Antara Foto. Antara Foto/Basri Marzuki/ via REUTERS. ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. MANDATORY CREDIT. INDONESIA OUT.
218
အင်ဒိုနီးရှား ဆူလာဝေဆီကျွန်း မြေငလျင်ကြောင့် သေဆုံးသူ ၄၅ ယောက်ထက်မနည်း ရှိလာပြီး လူ ၈၂၀ ကျော် ဒဏ်ရာရတယ်လို့ ဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီက ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။
အပြိုအပျက်တွေအောက် ပိတ်မိနေသူတွေကို ဆက်ရှာဖွေနေပြီး ဇန်နဝါရီလ ၁၆ ရက်က ဆူလာဝေဆီကျွန်းမှာ ပြင်းအား ၅ အဆင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်လှုပ်ခဲ့တယ်လို့ အေဂျင်စီက ဆိုပါတယ်။
မြေငလျင်ကြောင့် လူပေါင်း ၁၅,၀၀၀ ခန့် ဘေးလွတ်ရာ ပြောင်းခဲ့ရတယ်လို့လည်း အေဂျင်စီက ထုတ်ပြန်ပါတယ်။
ပြင်းအား မဂ္ဂနီကျူ့ ၇ အဆင့်အထိရှိတဲ့ နောက်ထပ် မြေငလျင် လှုပ်နိုင်တယ်လို့ အင်ဒိုနီးရှား မိုးလေဝသနဲ့ ဘူမိရူပဗေဒအကြီးအကဲက Metro TV ကို ပြောဆိုတာကို ရိုက်တာက ဖော်ပြပါတယ်။