ကေအိုင်အိုနှင့်အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောက်တိုဘာတွင် စတင်နိုင်ဖွယ်ရှိ

ေကအုိင်အုိနှင့်အစုိးရ ြပီးခဲ့တဲ့ မေ ၂၈ ရကျက ဆှေးနှေးစဉျ
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရရဲ့ ပြည်ထောင်စု  ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ဟာ အောက်တိုဘာလဆန်းလောက်မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စတင်နိုင်ဖွယ်ရှိနေပါတယ်။ [caption id="attachment_43468" align="alignright" width="300" caption="ကေအိုင်အိုနှင့်အစိုးရ ပြီးခဲ့တဲ့ မေ ၂၈ ရက်က ဆွေးနွေးစဉ်"][/caption] အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ အလုပ်အဖွဲ့တွေ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ဒုတိယနေ့အဖြစ် ဒီနေ့ ဆက်လက် ဆွေးနွေးခဲ့ပြီး အောက်တိုဘာ လဆန်းလောက်မှာ ပြည်ထောင်စု အဆင့် နှစ်ဘက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲစနိုင်ဖို့မျှော်လင့်ကြောင်း တက်ရောက်သူတွေက ပြောပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့ ဆွေးနွေးပွဲမှာတော့ ခေါင်းစဉ် ၅ ခုကို အဓိကထား ဆွေးနွေးခဲ့တဲ့အကြောင်း ဆွေးနွေးပွဲတက်ရောက်သူတဦးဖြုစ်တဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။ “ခေါင်းစဉ် ၅ ခုနဲ့ အဓိကထား ဆွေးနွေးတယ်။ အဲဒီခေါင်းစဉ်တွေကတော့ နောက်တကြိမ်လုပ်မယ့်အစည်းအဝေး၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲမှု၊ နောက် အပစ်အခတ် စောင့်ကြည့်ရေး ကော်မတီ၊ အိုင်ဒီပီ၊ နောက်တခုက အထွေထွေဆိုပြီး ၅ ခုပါတယ်။ ကျနော်တို့ နှစ်ဖက် အဖြစ်နိုင်ဆုံးပေါ့လေ။ ကျနော်တို့က ဆုံးဖြတ်ချက် ချနိုင်တဲ့သူတွေမဟုတ်ဘူး။ အဖြစ်နိုင်ဆုံးကတော့ အောက်တိုဘာလ ပထမပတ် အကုန်လောက်မှာ နှစ်ဖက်ခေါင်းဆောင်တွေပါတဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ရှိမယ်၊ နောက်တခုက အလုပ်အဖွဲ့တွေ နောက်တကြိမ် ထပ်ပြီးတော့ လကုန်လောက်မှာ တွေ့နိုင်ဖို့ ရှိတယ်။” အရင် ရက်ပိုင်းအတွင်း အစိုးရတပ်ဘက်က အရာရှိတဦးကို ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (ကေအိုင်အေ) က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိစ္စရပ်တွေအပေါ် ဆွေးနွေးခဲ့ခြင်း ရှိမရှိ မေးမြန်း ရာမှာတော့ တပ်ကိစ္စဖြစ်တဲ့ အတွက် သူ့အနေနဲ့ ပြောဆိုစရာ မရှိပေမယ့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီက ကေအိုင်အိုထံ စာပို့ထားတယ်လို့လည်း ဦးလှမောင်ရွှေ က ပြောပါတယ်။ နှစ်ဖက် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့တွေ စက်တင်ဘာ ၁၆ ရက်နေ့ ဆွေးနွေးပွဲမှာတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကိစ္စတွေ၊ အစိုးရနဲ့ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေ နောက်တကြိမ်ကျင်းပဖို့ ကိစ္စနဲ့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေကိစ္စ ဆွေးနွေးခဲ့ပါတယ်။

More News
Up