Home
မြန်မာသတင်း
မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တွင် လျှပ်စစ်မီတာခနှုန်းထားများ ပြောင်းလဲကောက်ခံမည်
DVB
·
January 16, 2021
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ လျှပ်စစ်မီတာခ နှုန်းထားတွေကို ဇန်နဝါရီလကနေစပြီး ပြောင်းလဲ ကောက်ခံသွားမယ်လို့ ဘူးဂါး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက ပြောပါတယ်။ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဘဏ္ဍာရေးမှူးမဆိုင်းမိုင်က “အစိုးရအဖွဲ့တွေ၊ ဝန်ကြီးဌာနတွေရဲ့ အစိုးရနှုန်းထားအတိုင်း ကောက်ပေးဖို့ တိုက်တွန်းပြောဆိုချက်တွေ ရှိနေတဲ့အတွက် အခုလို ပြောင်းလဲကောက်ခံရခြင်းဖြစ်ပါတယ်။ အရင်ကထက် လျော့တယ်လို့လည်း ပြောလို့မရဘူး၊ တိုးတယ်လို့လည်း ပြောလို့မရဘူး။ မီးသုံးတဲ့အပေါ်မှာ မူတည်ပြီး ယူနစ်နည်းနည်းပဲ သုံးရင် ပိုက်ဆံသက်သာသွားမယ်၊ များများသုံးတဲ့သူက ပိုပြီးမှ ပေးဆောင်ရမယ်” လို့ ပြောပါတယ်။ ဒီနှစ် ဇန်နဝါရီလကနေ စပြီး အိမ်သုံးအမျိုးစားတွေအတွက် ၁ ယူနစ်နှုန်းထားတွေကတော့ ၁ ယူနစ်ကနေ ယူနစ် ၃၀ အထိကို ၃၅ ကျပ်၊ ၃၁ ကနေ ၅၀ ယူနစ်အထိ ၅၀ ကျပ်နဲ့ ၅၁ ကနေ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ကနေ ယူနစ် ၁၀၀ အထိ ၉၀ ကျပ်၊ ၁၀၁ ကနေ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ကနေ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်၊ ၁၅၁ ကနေ ၂၀၀ ယူနစ်အထိ ၂၀၀ ကျပ်နဲ့ ၂၀၁ ယူနစ်နဲ့ အထက်ကို ၁၂၅ ကျပ် ပြောင်းလဲကောက်ခံသွားမယ်လို့ သိရပါတယ်။  အရင်က လျှပ်စစ်မီတာခတွေ ကောက်ခံတဲ့နေရာမှာ ဘာသာသာသနာ အဆောက်အအုံတွေအတွက် ၁ ယူနစ်ကို ၉၀ ကျပ် အိမ်သုံးအမျိုးအစားအတွက် ၁၁၀ ကျပ်နဲ့ လုပ်ငန်းသုံးအတွက် ၁၅၀ ကျပ် ကောက်ခံခဲ့တာလည်း ဖြစ်ပါတယ်။  မြစ်ကြီးနားမြို့မှာ ဘူးဂါးကနေ မီးတပ်ဆင်သုံးစွဲနေတဲ့ အိမ်ခြေပေါင်း ၅ သောင်းရှိပြီး ဝိုင်းမော်မြို့မှာ အိမ်ခြေ ၁ သောင်းခွဲ ဝန်းကျင်ရှိပါတယ်။ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဟာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနဲ့ နှစ် ၃၀ စာချုပ် ချုပ်ဆိုထားပြီး လုပ်ကိုင်လာတာ ၁၀ နှစ်ကျော်ရှိပြီလို့ သိရပါတယ်။ သတင်း - မီးမီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024