A d v e r t i s e m e n t With Us

ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည်သစ်များကို မြောက်ကိုရီးယား ပြသ

မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်သစ်တွေကို ဇန်နဝါရီ ၁၄ ရက် စစ်ရေး ပြအခမ်းအနားမှာ ပြသပါတယ်။ မြို့တော်ပြုံယမ်းက ကင်မ်အီဆွန်းရင်ပြင်မှာ လုပ်တဲ့ စစ်ရေးပြအခမ်းအနားကို ခေါင်းဆောင် ကင်ဂျုံအန်း တက်ရောက်ကြည့်ရှုတဲ့ ရုပ်သံဗွီဒီယိုကို နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်လွှင့်ပါတယ်။     အခမ်းအနားမှာ စစ်သားတွေ ချီတက်တာ၊ တင့်ကားနဲ့ ဒုံးပစ်လောင်ချာတွေ အပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံကို ပြသခဲ့ပါတယ်။ ဖူကော့ဆောင်-၅ လို့ နာမည်ပေးထားတဲ့ အနက်ရောင် ဒုံးကျည်တွေကို ပြသချိန်မှာတော့ နောက်ခံစကားပြောသူက “ကမ္ဘာ့စွမ်းအားအကြီးဆုံးလက်နက် ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ” လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်တဲ့ ပဲ့ထိန်းဒုံးကျည် အမြောက်အမြားကို စမ်းသပ်ပစ်ခတ်ထားပြီး အဲဒီဒုံးကျည်တွေကို သယ်ဆောင်ဖို့ စစ်ဆင်ရေးသုံး ရေငုပ်သင်္ဘောကို တီထွင်ဖို့ ကြိုးပမ်းနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up