မြဝတီ ဟေမန်ဦးပရိယတ္တိစာသင်တိုက်တွင် သံဃာ ၁၁ ပါး ကိုဗစ်ပိုးတွေ့သဖြင့် လော့ဒေါင်းချ
DVB
·
January 15, 2021
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဟေမန်ဦး ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းမှာ ဇန်နဝါရီ ၁၄ ရက်နေ့က သံဃာ ၁၁ ပါး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့တာကြောင့် ကျောင်းကို လော့ဒေါင်းချထားတယ်လို့ ဒါယကာတွေက ပြောပါတယ်။
မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဟေမန်ဦးကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဥူးတေဇ သက်တော် (၆၂) နှစ်ဟာ ဘားအံဆေးရုံမှာ မျက်စိကုသဖို့အတွက် ကျန်းမာရေးစစ်ဆေးစဉ် ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာကြောင့် ကုသရေးဌာနကို ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် ကျောင်းအတွင်း နီးစပ်သံဃာတော်အပါး ၃၀ နဲ့ ဒါယကာ၊ ဒါယကာမ ၇ ဦးတို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အာခေါင်တို့ပါတ်ယူပြီး ရန်ကုန်မြို့ ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးရာမှာ သံဃာ ၁၁ ပါး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် မဲကနယ် ကိုဗစ်ကုသစခန်းကို ပို့ဆောင်ကုသထားပါတယ်။
မြဝတီမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၅၉၃ ဦးရှိတဲ့အနက် ဆေးရုံဆင်းသွားသူ ၄၉၇ ဦး၊ ကုသဆဲ ၉၄ ဦးနဲ့ သေဆုံးသူ ၂ ဦးရှိပြီလို့ သိရပါတယ်။
ဖိုးစီ