DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story လူမှုရေး သတင်း

မြိုင်မြို့နယ် မုံညှင်းကျေးရွာတွင် တောလမ်းမှ လျှပ်စစ်မီးသွယ်သည့်ကိစ္စ  ဒေသခံများ ကန့်ကွက် ဆန္ဒပြ

  • By DVB
  • 14 January 2021
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ချောင်းဆုံအုပ်စု မုံညှင်းကျေးရွာမှာ ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်မီးတိုင်တွေကို တောလမ်းကနေ စိုက်ထူနေတဲ့အတွက် ဒေသခံတွေက ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ကျေးရွာမီးလင်းရေးအတွက် နှမ်းစားကျင်း ဓာတ်အားလိုင်းကနေ ရယူရတာဖြစ်ပြီး လျှပ်စစ်သွယ်တန်းရာမှာ ကျေးရွာဖွံ့ဖြိုးရေးကားလမ်းမအတိုင်းမဟုတ်ဘဲ ရွာအနောက်ဘက်ရှိ တောလမ်းအတွင်းကနေ ဓာတ်တိုင်တွေ စိုက်ထူနေတာဖြစ်လို့ အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

မုံညှင်းကျေးရွာဒေသခံ ဦးကျော်ခိုင်ဝင်းက “ကျနော်တို့ အခုလို တောင်းဆိုတယ်ဆိုတာ ရွာဖွံ့ဖြိုးရေးကားလမ်းမအတိုင်း မီးကြိုးဆွဲမယ်ဆိုရင် လျှပ်စစ်မီးလွယ်တော့ စက်ရုံအလုပ်ရုံတွေဖြစ်လာမယ်။ ကျေးရွာဒေသခံတွေလဲ အလုပ်ရမယ်။ တကယ်တမ်း အစိုးရချပေးထားတဲ့ အတိုင်းတာအရ ဒီကားလမ်းမကနေဖြတ်ဆွဲရင်တောင် ဒီရွာအုပ်စု ၄ ရွာအတွက် အလုံလောက်ရှိရုံတင်မကဘူး ပိုတောင်နေသေးတယ်။ အခုလုပ်နေကြတာက ချပေးတာနဲ့မလုံလောက်ဘူးဆိုပြီး ရွာအနောက်ဘက် တောထဲကနေ မီးသွယ်မယ်လုပ်နေတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ရှင်းလင်းအောင်လို့ ဖွံ့ဖြိုးရေးကားလမ်းမအတိုင်း ပြန်တိုင်းပေးပါဆိုတော့ လွှတ်တော်ကိုယ်စားလှယ်က တိုင်းပေးလို့မရတော့ဘူးလို့ ပြောတယ် ။ ကျနော်တို့ကလဲ ပြည်သူကို ညာရင် အစိုးရကို ညာတာပဲဆိုပြီး အခုလို ဆန္ဒပြကြတာပါလို့ ” ပြောပါတယ်။

ချောင်းဆုံအုပ်စုမှာ ကျေးရွာမီးလင်းရေးအတွက် တိုင်းဒေသကြီးအစိုးရကနေ ကျပ်သိန်း ၁၄၅၀ ၊ တိုင်းဒေသကြီး လွှတ်တော်ကနေကျပ်  သိန်း ၇၅၀ နဲ့၂၀၁၉ ခုနှစ်က မီးကြိုးသွယ်တန်းမှု ၇မိုင်ခွဲ ချပေးထားတယ်လို့ သိရပြီး ၂၀၂၀ ပြည့်နှစ်အတွင်းမှာ စတင်အကောင်ထည်ဖော်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး မြိုင်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က “ကျနော်တို့က ကျေးရွာတွေ မီးရရှိဖို့ရာ လွှတ်တော်ကို တင်ပြခဲ့တယ်။ ကျလာတော့ ၇ဒသမ ၅ မိုင် ကျလာတယ်။ တင်ဒါတိုင်းတဲ့ ကျွမ်းကျင်သူတွေက ကျလာတဲ့ အနေထားအရ ဖြစ်နိုင်တဲ့ လမ်းကြောင်းကနေတိုင်းတာ။ သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းအရ ၉ ဒသမ ၁  မိုင်ရှိတယ်။ မလောက်ဘူးပေါ့၊ ဒါ့ကြောင့် လိုတာကို ရွာကစိုက်ထုတ်လုပ်ရင် ဖြစ်နိုင်ပါတယ်ဆိုတော့ ကျနော့်အပေါ် အမြင်လွဲကြတာ။ ဒါ့ကြောင့် ကျနော်ကနေ ရှင်းအောင်လို့ ခင်ဗျားတို့ ကျနော်ပြောတာ မယုံကြည်ရင် သက်ဆိုင်ရာ ဌာနကို သွားမေးကြပါဆိုတော့ သူတို့ သွားမေးကြ ပြီးသား။ ဌာနဆိုင်ရာကလဲ နိုင်ငံတော်က ဒီအတိုင်းချပေးထားတာ ဟုတ်ပါတယ်ဆိုပြီး ရှင်းပြလိုက်ပြီးသား ၊ ဒါကို သူတို့က နားမလည်ဘူးဖြစ်နေကြတာ ” လို့  ပြောပါတယ်။

ချောင်းဆုံကျေးရွာအုပ်စုမှာ ချောင်းဆုံ၊ မုံညှင်း၊ ဇီးဖြူစားကျင်းနဲ့ ငှက်သိုက်ဆိုတဲ့ ကျေးရွာ ၄ ရွာရှိရာမှာ လျှပ်စစ်မီးလင်းရေးအတွက် သံဘိုကြီးကျေးရွာကနေတဆင့် သွယ်တန်းရယူရတာဖြစ်ပြီး ‌ကျေးရွာ ၃ ရွာမှာ လျှပ်စစ်မီးသွယ်တန်းရရှိနေပြီဖြစ်ပေမယ့် မုံညှင်းရွာမှာတော့ ကန့်ကွက်မှု တွေကြောင့် လျှပ်စစ်မီးသွယ်တန်းတာမပြီးဆုံးသေးဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မုံညှင်းကျေးရွာ အိမ်ထောင်စု ၃၀၀ လောက်က သက်ဆိုင်ရာ မြို့နယ်ကနေ ပြည်ထောင်စုအစိုးရအဆင့်ထိ လက်မှတ်ရေးထိုးတင်ပြကန့်ကွက်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို ဆန္ဒပြရာမှာ လျှပ်စစ်မီးကို ကျေးရွာဖွံ့ဖြိုးရေးကားလမ်းမအတိုင်း သွယ်တန်းရေး၊ လျှပ်စစ်မီးနှင့်ပတ်သတ်၍ လိမ်ညာမှုများ ဖော်ထုတ်ပေးရေး၊ ပြည်သူလူထုအပေါ် ဦးစားပေးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ တားမြစ်မှုတွေ ဖယ်ရှင်းရေးဆိုပြီး ကြွေးကြော်သံတွေနဲ့အတူ စီတန်း လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

စီတန်းလှည့်လည်ဆန္ဒပြတာကိုတော့ မြိုင်မြို့နယ် လျှပ်စစ်ရုံးရှေ့ကနေစတင်ခဲ့ပြီး မြိုင်-ပခုက္ကူ ကားလမ်းမ အတိုင်း ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း- ရန်နိုင်စိုး

Tags: ဒေသခံများ ကန့်ကွက် ဆန္ဒပြမြိုင်မြို့နယ်လျှပ်စစ်မီးသွယ်သည့်ကိစ္စ

  • Previous story ဗဟိုအာဖရိကသမ္မတနိုင်ငံမြို့တော်ကို  သူပုန်တပ်ဖွဲ့က တိုက်ခိုက်
  • Next story ပြည်ထောင်စုကောင်းကျိုးအတွက် အန်အယ်လ်ဒီနှင့် တွေ့ဆုံဆွေးနွေးမည်ဟု SNLD ပါတီပြော
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ (ဓာတ်ပုံ)

    • gallery

      ကမာအောင်စက်တပ်သမ္ဗာန်အဖွဲ့၏ စုကြေးငွေရှင်းတမ်း အမြန်ဖြေရှင်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

    • gallery

      နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

    • gallery

      အိန္ဒိယက လက်ဆောင်ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ) 

    • gallery

      ပန်းချီသိုးထိန်းရဲ့ Disillusionment တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
    • 03 ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှု ဆိုင်းငံ့ရန် တရုတ်ကျန်းမာရေးပညာရှင်များ တိုက်တွန်း
    • 04 ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး
    • 05 တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
    • 01 လစ်လပ် လက်ထောက်ဆရာဝန်ရာထူးနေရာ ၈၄၀ အတွက် ၆၁ ဦးလျှောက်၊ ၄၉ ဦးရွေးချယ်
    • 02 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 03 ၁၂ ကြိမ်မြောက်ထီ သိန်း ၁၀၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၂ သောင်းကျော် လာမထုတ်သေး
    • 04 ချီလီအစိုးရ ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ဖြိုခွင်း
    • 05 ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံက ဆရာဝန်အပါအဝင် ‌၅ ဦး ကိုဗစ်ကူးခံရသဖြင့် လူနာသစ်ကုသမှု ယာယီရပ်
    • 01 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 02 တ၀မ်းတခါးအတွက် နေလောင်ဒဏ်ကို အန်တုသူများ
    • 03 ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
    • 04 ရုရှားအရှေ့ဖျားနှင့်ဆိုက်ဘေးရီးယားတွင် နာဗင်ညီလွှတ်ပေးရန်နှင့်ပူတင်နုတ်ထွက်ရန် ဆန္ဒပြ
    • 05 အမေရိကန်လွှတ်တော်လုံခြုံရေးအစောင့်တပ်ဖွဲ့ကို သမ္မတကတော် ကွတ်ကီးလက်ဆောင်ပေး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.