Home
အနုပညာ
မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 
DVB
·
January 14, 2021
_MG_0856 copy
_MG_0831 copy
_MG_0818 copy
_MG_0781 copy
မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့‌ ကျောက်တံတားမြို့နယ်ရှိ ဝဇီရာရုပ်ရှင်ရုံဟောင်း အဆောက်အအုံမှာ  ပိုစတာတွေ ပြင်ဆင်ခင်းကျင်း ပြသထားပါတယ်။ မြန်မာ့ရုပ်ရှင်အစည်းအရုံးဒုတိယ ဥက္ကဋ္ဌ  ဦးအေးကြူလေးက "မြန်မာရုပ်ရှင်နှစ်တစ်ရာပြည့် အစည်းအဝေးတုန်းက ဝဇီရာရုံကို အဲ့လိုလုပ်မယ်ဆိုပြီး လုပ်ထားတာ။ အပြင်မှာလုပ်ဖို့ကလည်း ခက်နေတယ်။ လူကကျယ်ကျယ်ပြန့်ပြန့်ကြီးလုပ်မရတော့။ အကျဉ်းချုံးလုပ်မယ်လို့ ဆုံးဖြတ်ထားတာ။ တဖြေးဖြေးပိုဆိုးလာတဲ့အခါမှာ မလုပ်ဖြစ်တော့ဘူး။ မြန်မာ့ရုပ်မြင်သံကြားမှာပဲ အတိုချုံး လုပ်လိုက်ရတာ။ ဒီဟာလေးကို အမှတ်တရ ဆောင်ရွက်မယ်ဆိုတာက  အဲ့ဟာကို ဆက်ဆောက်ဖြစ်တာပေါ့။ ဒီနှစ်တစ်နှစ်လုံး ဒါလေးကရှိနေရင် ရာပြည့်က ပြီးသွားပြီဆိုပေမဲ့ ဒီဘက်ပိုင်းမှာ ကျင်းပတဲ့ပွဲလေးတွေ အဲ့မှာလုပ်မှာပေါ့ ။ လောလောဆယ် အခြေအနေအရတော့လုပ်ဖို့မရှိသေးဘူး။" လို့ ပြောပါတယ်။ ဝဇီရာရုပ်ရှင်ရုံအပါအဝင် တခေတ်တခါက နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ရုံ အမြောက်အမြား ရန်ကုန်မြို့မှာ  ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ တချို့ရုပ်ရှင်ရုံတွေက တခြားအ‌ဆောက်အအုံတွေ အဖြစ်သို့  ပြောင်းလဲသွားပါတယ် ။  Photo - Ko Ye / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024