
Lead Story နိုင်ငံတကာ သတင်း အားကစား
မန်ယူတိုက်စစ်မှူး မာစီယယ် လီဗာပူးနှင့် ပွဲတွင် ပြန်ကစားနိုင်ဖွယ်ရှိ
Email This Story :
ဘန်လေနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မန်ယူတိုက်စစ်မှူး မာစီယယ်ဟာ လီဗာပူးနဲ့ ပွဲစဉ်မှာ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။
ဘန်လေနဲ့ ပွဲပြီးခါနီးမှာ တံကောက်ကြောဒဏ်ရာ ခံစားခဲ့ရတဲ့ မာစီယယ်ဟာ ရက်သတ္တပတ်လောက် အနားယူရဖို့ ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာလည်း ပြန်လည်သက်သာလာ ကြောင့် တနင်္ဂနွေနေ့မှာကစားမယ့် လီဗာပူးနဲ့ပွဲမှာ ပြန်ကစားနိုင်မှာပါ။
အသက် ၂၅ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး မာစီယယ်ဟာ ကာဗာနီ ရောက်ရှိလာပြီးနောက် တောင်ပံ ထွက်ကစားနေပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတချို့လည်း ခံနေရတာပါ။
မာစီယယ်ဟာ ဇန်နဝါရီ ၂ ရက်က ဗီလာနဲ့ ပွဲမှာ တစ်ဂိုးသွင်းပြီးနောက်ပိုင်း ၃ ပွဲမှာ ဂိုးသွင်း ယူနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။